Chapter: 050 - ကမ္ဘာမှာ လူနှစ်ယောက် အတိအကျတူတာရှိလို့လား?-၁

310 38 0
                                    



Chapter: 050 – ကမ္ဘာမှာ လူနှစ်ယောက် အတိအကျတူတာရှိလို့လား?-၁

ဂျီမိန် ငိုချင်ပေမဲ့ မျက်ရည်ကျမလာပါ။ နင်းယုရွမ်၏စောင့်ကြည့်ခြင်းကို ခံရသဖြင့် သူမ အိပ်မပျော်တော့။ သူမသည် အခါးရည်ကိုသာ သောက်ရင်း ပုံပြင်များကို အတော်ကြာ ပြောပြခဲ့ရသည်။ အာရုဏ်တက်ချိန်တွင် သူမ၏အသံ ဝင်နေပြီဖြစ်သည်။

နင်းယုရွမ် တညလုံး မအိပ်ပေ။ သူ သည် ဒီအမျိုးသမီး ဘယ်လောက်ကြာကြာ စကားပြောနိုင်သလဲကို တစ်ညလုံး ကြည့်နေခဲ့တယ်။ သို့သော် မိုးလင်းသည် အထိ သူမ မရပ်ခဲ့။ သူ့မျက်နှာသည် အနည်းငယ် ပြုံးပြနေသော်လည်း အကြိမ်ပေါင်းများစွာ အိပ်ပျော်လုနီးပါး ဖြစ်ခဲ့သည်။

"အရှင် နားထောင်ရတာ သဘောကျလား" ဂျီမိန် က အသံဆိုးဆိုးနဲ့မေးလိုက်သည်။

မြို့စားမိုယု သည် ပြုံးလိုက်သည်။ "ကောင်းပါတယ်၊ အဓိကအချက်က ကိုယ် မအိပ်ချင်သေးတာပဲ၊ ဒါပေမယ့် ဒီနေ့ တရားရေး ဝန်ကြီးဌာနမှာ လုပ်စရာတွေ ရှိသေးတယ်။ ကိုယ် ဒီညပြန်လာရင် မင်း ကိုယ့်ကို ပုံပြင်တွေ ဆက်ပြောပြပေါ့"

ဆက်ပြောရမယ်? ဂျီမိန် က အတတ်နိုင်ဆုံး ပြုံးဖို့ ကြိုးစားပေမယ့် သူမရဲ့ မျက်နှာက အရောင်ပြောင်းသွားတယ်။ မပြောဘူး၊ သူမကို တနေ့လုံးတစ်ညလုံး ဖွင့်လို့ရတဲ့ audio book များ ထင်နေသလား?

သူမ သည် အလောင်းကောင်ကဲ့သို့ တင်းမာသောမျက်နှာဖြင့် သူ့အဝတ်အစားများ လဲပေးကာ တံခါးပေါက်ဆီသို့ လျှောက်လာခဲ့သည်။ သို့သော် ဂျီမိန် သည် တံခါးဝတွင် မှန်မှန်ကန်ကန်အမူအကျင့်ဖြင့် ဂါဝရပြုဆဲဖြစ်သည်။ "အရှင်၊ ဂရုစိုက်ပါ"

သူ့ရှေ့ကလူက ခြေလှမ်းအနည်းငယ်လှမ်းပြီး လှည့်ကြည့်သည်။ ရောင်နီတွင် သူ့မျက်နှာသည် ကျောက်စိမ်းကဲ့သို့ နူးညံ့ပြီး နွေးထွေးနေခဲ့သည်။ "မင်း ကိုယ့်ကို မကြိုက်ဘူး။ ကိုယ် တစ်နေရာရာ အမှားလုပ်ခဲ့မိပုံပဲ၊ အနာဂတ်မှာ ကိုယ် မင်းအပေါ် ကောင်းကောင်းဆက်ဆံပါ့မယ်၊ စန်းယု"

ဂျီမိန် အေးခဲသွားကာ အံ့အားတကြီးနဲ့ သူ့ကို မော့ကြည့်တယ်။ သူ၏ကောက်ကြောင်း သည် နေရောင်အောက်တွင် လင်းထိန်နေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် တောက်ပသောနေရောင်ခြည်ဖြစ်နိုင်သလို အခြားအကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလားတော့ သူမ မသိပါ။ ဤပုဂ္ဂိုလ်သည် နောက်ဆုံးတွင် သနားခြင်းအပြုံးကို ပြသသော လေးနက်သော ဗုဒ္ဓဘုရားနှင့်တူနေခဲ့သည်။

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now