Chapter: 064 - ရွှေ၅ချောင်းတစ်ဝက်-၁

255 35 1
                                    



Chapter: 064 – ရွှေ၅ချောင်းတစ်ဝက်-၁

နင်းမင်ကျဲ သည် သူမ၏စကားအပေါ် သူ့သဘောထားကို မဖော်ပြပေ။ ပဉ္စမထပ်သို့ရောက်သောအခါ လက်ဖက်ရည်ဆိုင်တွင် ထိုင်ခုံများတွေ့၍ မြန့်စန်းယု နှင့် အတူထိုင်သည်။ မုရွှီ က သူတို့ဘေးမှာ ရပ်နေတယ်။

ပဉ္စမထပ်တွင်၊ အထင်ကြီးလောက်စရာ ပန်းချီ၊ လက်ရေးလှ နှင့် ပညာရှင်များစွာ ရှိသည်။ ကဗျာတွေ ရေးနေကြသူတွေ ထံ ရံဖန်ရံခါ တခြားသူတွေဆီက အော်ဟစ် အားပေးသံတွေ ထွက်လာတယ်။ နံရံများပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီနှင့် လက်ရေးလှများအကြောင်း ဆွေးနွေးနေသော ပညာသင် နှစ်ဦး သို့မဟုတ် သုံးဦးတို့လည်းရှိသည်။

အခမ်းအနားမှူးနှင့်တူသော လူတစ်ယောက် က ပဥ္စမထပ်၏အလယ်တွင် ရပ်နေသည်။ "ဒီနေ့အတွက် ပဉ္စမထပ်မှာ နောက်ထပ် ကဗျာတစ်ပုဒ် ကျန်နေပါသေးတယ်။ ကဗျာတစ်ပုဒ်ရေးဖို့ စေတနာရှိတဲ့ သခင်လေး ဒါမှမဟုတ် မိန်းမပျိုတစ်ယောက်ရှိလား?"

နင်းမင်ကျဲ သည် ခေါင်းကို လှည့်ကာ အတော်လေး စိတ်ဝင်စားပုံရသည်။ ဒါပေမယ့် သူ့ဘေးမှာထိုင်နေတဲ့ အမျိုးသမီး က ငြိမ်ငြိမ်လေးပဲ အဆာပြေစားနေတယ်။ သူမမျက်လုံး သည် ထိုအသံရှိရာသို့ ကြည့်မနေပေ။

နင်းမင်ကျဲ က မေးလိုက်သည်။ "မင်း က အနုပညာ၄ရပ်မှာ အတော်လေးကောင်းတယ်လို့ ငါ ကြားတယ်၊ ကြိုးစားမကြည့်ချင်ဘူးလား?"

မြန့်စန်းယု သည် မင်းမျိုးမင်းနွယ်မှဖြစ်သည်။ သူမသည် ငယ်စဉ်ကတည်းက ဤနယ်ပယ်များကို သင်ယူခဲ့ရပြီး ထိုပညာရပ်များတွင် အလွန်ကောင်းမွန်သင့်သည်။

ဂျီမိန် သည် အဆာပြေမုန့်စားဖို့ အာရုံစိုက်ထားသည်။ သူ့စကားကြားတော့ သူမ သိပ်ဂရုမစိုက်ဘဲ ရိုးရိုးရှင်းရှင်းပဲ တုန့်ပြန်လိုက်သည်။ "ကဗျာဆိုတာ နှလုံးသားထဲက လာတာပါ။ ကျော်ကြားမှုကို ရှာဖွေဖို့အတွက် ကဗျာရေးဖွဲ့ရင် ကဗျာရဲ့ ပင်မအခြေခံအုတ်မြစ်ကို ဆန့်ကျင်သွားမှာ မဟုတ်ဘူးလား?"

နင်းမင်ကျဲ အံ့သြသွားသည်။ ဒီလိုစကားမျိုး သူမ ပြောထွက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပါ။ သူ ချက်ချင်းကို မကြိုးစားချင်တော့။

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now