Chapter: 079 - ပုန်းကွယ်နေသော အန္တရာယ်သည် နေရာတိုင်းတွင် ရှိနေသည်။-၂

167 35 2
                                    



Chapter: 079 – ပုန်းကွယ်နေသော အန္တရာယ်သည် နေရာတိုင်းတွင် ရှိနေသည်။-၂

ဂျီမိန် သည် လက်ရှိတွင် မီးဖိုချောင်ထဲတွင် သခင်မကြီးအတွက် ငှက်သိုက်ပြုတ်ကို ချက်ပြုတ်နေသည်ကို စောင့်ကြည့်နေသည်။ ယောကျာ်းတစ်ယောက် သူမအနောက်တွင် နီးနီးကပ်ကပ်လာရပ်သောကြောင့် သူမ၏နောက်ကျော တောင့်တင်းသွားသည်။

ကျောင်းကျဲ သည် တံခါးဝကိုမှီရင်း စပ်စပ်စုစုမေးလာသည်။ "မင်း ဒီလို အလုပ်ကြမ်းလုပ်ဖို့ ဘာလို့ ကိုယ်တိုင် လာတာလဲ?"

ဂျီမိန် မျက်လုံးပြူးသွားသည်။ သူမ က ဒီလိုလူစားအပေါ်ပိုယဉ်ကျေးလေလေ ထိုလူက ဤအရာကို ပို၍အသုံးချလေလေဖြစ်သည်။ ထို့ကြောင့် သူမရဲ့လေသံ သည် ပြောဆိုသည့်အခါ မယဉ်ကျေးပေ။ "အရှင့်သားကို ပြန်ဖြေပါတယ်၊ စန်းယု က အစေခံတစ်ယောက်ပါပဲ၊ စန်းယု လုပ်သင့်တာကို လုပ်နေတာပါ၊ ဒါပေမဲ့ အရှင့်သား က အိမ်ရှေ့မင်းသားပါ၊ အရှင့်အဆင့်အတန်းနဲ့ ဒီလိုနေရာမျိုးကိုလာတာ အတော်လေး မသင့်တော်ပါဘူး"

ကျောင်းကျဲ က မျက်ခုံးပင့်၍ ပြောလိုက်သည်။ "ကိုယ် မင်းကို တွေ့ဖို့ လာခဲ့တာ"

သူ့လေသံက မသဲကွဲပါ။ သူ သည် နှလုံးသားရေးနှင့်ပတ်သော ကိစ္စများကို တွေ့ကြုံဖူးသူဖြစ်ရမည်။

ဂျီမိန်၏နှုတ်ခမ်းကွေးတက်သွားကာ လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အိမ်ရှေ့မင်းသား က ဒီအစေခံလို မိန်းမမျိုးကို စိတ်ဝင်စားလိမ့်မယ်လို့ ဒီအစေခံ မသိခဲ့ဘူး"

ကျောင်းကျဲ သည် သူမ၏စကားကြောင့် သီးမတက်ဖြစ်သွားသည်။ သူ က နှာခေါင်းကို ပွတ်၍ ပြောလိုက်သည်။ "ကိုယ့်ကို မိန်းမတစ်ယောက် ဒီလိုကြိမ်းမောင်းတာ ဒါ ပထမဆုံးပဲ"

"ဒီအစေခံ က အမှန်တိုင်းပြောတာပါ၊ စန်းယု က မြို့စားမိုယုရဲ့လူပါ၊ ဒီအစေခံရဲ့ခန္ဓာကိုယ်၊ နှလုံးသားနဲ့မျက်လုံးကအစ အကုန်လုံး သူပိုင်တယ်၊ အခြားလူများအတွက် စန်းယု ဟာ စွန့်ပစ်ခံရပြီး ညှိုးနွမ်းနေသော အမျိုးသမီးတစ်ဦးမျှသာ ဖြစ်ပါတယ်၊ မြို့စားအတွက်ဆိုရင် စန်းယုဟာ ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ပါ" ဂျီမိန် က ခေါင်းမော့လိုက်ပြီး အလေးအနက်ပြောနေသည်ကို ပြောပြဖို့ လေးနက်သောလေသံကို အသုံးပြုခဲ့သည်။

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now