Chapter: 068 -နှင်းတွေကျတဲ့ညမှာ တပ်မက်သောဆန္ဒတွေ ရောထွေးနေတယ်။-၁

249 37 5
                                    



Chapter: 068 –နှင်းတွေကျတဲ့ညမှာ တပ်မက်သောဆန္ဒတွေ ရောထွေးနေတယ်။-၁

နင်းယုရွမ် က သူမ၏လည်ပင်းကို ပေါ့ပေါ့ပါးပါး နမ်းလိုက်သည်။ နွေးထွေးသော နှုတ်ခမ်း က သူမကို တုန်ယင်စေခဲ့သည်။ ဂျီမိန် က ဇဝေဇဝါဖြစ်နေစဉ် စိုစွတ်နေတဲ့ အရာတစ်ခုက သူမကို ညင်သာစွာ နမ်းလိုက်သည်ကို ခံစားလိုက်ရတယ်။

မည်မျှပင် သည်းခံနိုင်စိတ်ရှိပါစေ၊ သူမသည် ဤအရာကို သည်းခံဖို့ သူမကိုယ်သူမ တွန်းအားပေးမှာ မဟုတ်ဘူး! သူမ အသက်ပြင်းပြင်းရူသွင်းပြီးနောက် သူမ နင်းယုရွမ်ကို တွန်းထုတ်လိုက်သည်။

သူ့အကြည့်တွေက သာမာန်နဲ့မတူဘဲ ရူပ်ထွေးနေသည်။ ဂျီမိန် သည် ထူးထူးဆန်းဆန်း လန့်သွားသည်။ သူမကိုယ်သူမ ငြိမ်သက်သွားပြီးနောက် သူမ မေးလိုက်သည်။ "အရှင် ဘာဖြစ်လို့လဲ? ဒီအစေခံ ရေမချိုးရသေးဘူး။ ဒီအစေခံ က အရှင် အခုလိုလုပ်မယ်လို့ မထင်ထားလို့..."

သူမ က ရေမချိုးရသေးဘူးလို့တောင် ပြောတယ်!သို့သော် နင်းယုရွမ် သည် သူမ၏စကားများကို မကြားလိုက်သလိုပင်။ လက်တစ်ဖက်ဖြင့် သူမခန္ဓာကိုယ်ကို အနားသို့ ဆွဲယူ၍ သူမရဲ့နှုတ်ခမ်းကို နမ်းချင်နေပုံပင်။ သို့သော် သူ ခဏရပ်သွားခဲ့ပြီး သူ့မျက်လုံးထဲတွင် ရုန်းကန်မှုရှိနေခဲ့ကာ သူ့အသက်ရူသံက ပူလောင်လာသည်။

"ဘာဖြစ်လို့လဲ?' ဂျီမိန် သည် သူ တစ်ခုခုမှားနေတယ်လို့ ခံစားရတယ်။ သို့သော် ခဏအကြာတွင် သူမ၏ ခန္ဓာကိုယ် လည်း တစ်ခုခု မှားယွင်းနေပြီဟု ခံစားမိသည်။ သူမတစ်ကိုယ်လုံး ပူလောင်နေသလို ခံစားရတယ်။ သူမအရှေ့က လူကို ဖက်ထားချင်သည်။ သူမရဲ့ခန္ဓာကိုယ် ဗလာကျင်းနေသလို ခံစားရတယ်။

တက်မက်သော ခံစားချက်တွေ အထက်ကို တက်လာသောအခါ လူတစ်ယောက်ရဲ့ စိတ်ဟာ ဗြောင်းဆန်သွားလိမ့်မယ်။ ဂျီမိန် သည် အလွန်ပူလာပြီး သူမကို ပွေ့ဖက်ထားသူက ပိုတောင်ပူလာသလို ခံစားရတယ်။ သူမရဲ့အခန်းထဲက ပူလွန်းတယ်။ သူမ သွားငြိမ်းသင့်တယ်။

သူမ အိပ်ရာပေါ်မှ ဆင်းလိုက်သောအခါ သူမ၏အနောက်မှလူက သူမကို အိပ်ရာပေါ်သို့ ပြန်ဆွဲကာ သူမ ကိုအောက်၌ဖိထားသည်။

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now