Chapter: 033 - အချစ်ကြောင့် အရူးဖြစ်လာသော မြို့စား-၂

308 36 0
                                    


Chapter: 033 – အချစ်ကြောင့် အရူးဖြစ်လာသော မြို့စား-၂

ဝမ်ဝမ်၏မျက်နှာမှာ အရှက်တရားကြောင့် နီရဲလာသည်။ သူမ၏ လက်သည်းများသည် သူမ၏ လက်ချောင်းများထဲသို့ တင်းကျပ်စွာ စိုက်ဝင်နေခဲ့သည်။ သူမ အလွန်မှားယွင်းခံရသကဲ့သို့ ငိုချင်လာသည်။ ဒီလိုအခြေအနေမျိုးကို သူမ ဘယ်လို ကိုင်တွယ်သင့်လဲ။ ယုရွမ် သည် သူ့အမေက ဆက်ဆံရခက်သည်ကို ရှင်းရှင်းလင်းလင်းသိသည်။ သူမကို ဒီလိုမျိုး ဘယ်လိုလုပ် ထားခဲ့နိုင်တာလဲ?

ထိုကဲ့သို့ တွေးလိုက်သောအခါတွင် သူမ၏ နှလုံးသားသည် အနည်းငယ် နာကြည်းသွားသလို ခံစားလိုက်ရသည်။

ဒီတိတ်ဆိတ်မှုကြားထဲတွင် ဂျီမိန် က ခေါင်းမော့ပြီး ပြောလိုက်သည်။ "သခင်မကြီး၊ စန်းယု က ဒီအိမ်တော်ရဲ့ပဏာမဇနီး မဟုတ်တော့ပါဘူး။ သခင်မကြီးရှေ့က အမျိုးသမီးက ပဏာမဇနီးပါ၊ အပြင်မှာ တော်တော်အေးပါတယ်၊ အထဲဝင်ပြီး စကားပြောကြရင်ကော ဘယ်လိုထင်ပါသလဲ?"

သခင်မကြီး သည် မြန့်စန်းယုကို ကြည့်ဖို့ ခေါင်းလှည့်လာသည်။ သူမ၏ မျက်လုံးများက အနည်းငယ် နီရဲနေသော်လည်း သူမ ဘာမှ မပြောပေ။ ခဏတာ တိတ်ဆိတ်သွားပြန်သည်။ လူတိုင်း ဒူးထောက်ထားလို့ နာကျင်နေသောအခါ နောက်ဆုံးတွင် သခင်မကြီးနင်း က ပြောလာခဲ့သည်။ "မင်းတို့အားလုံး ငါနဲ့အတူလိုက်ခဲ့"

တန်ရှန်း က ဝမ်ဝမ် ကို မတ်တပ်ရပ်ဖို့ ကူညီပေးပြီး တခြားသောကိုယ်လုပ်တော်တွေလည်း မတ်တပ်ရပ်လိုက်တယ်။ သခင်မကြီးအနောက်မှ လိုက်လာသောကြောင့် သူတို့ အသက်ပြင်းပြင်းမရူရဲကြပေ။

ပင်မဝင်းအဝင်ဝသို့ရောက်သောအခါ သခင်မကြီး က ခေါင်းလှည့်၍ ပြောလာသည်။ "စန်းယု၊ အမေ ဒီနေ့ နည်းနည်းပင်ပန်းနေတယ်၊ သူတို့ ဂါဝရပြုတာ ကို မလုပ်နဲ့တော့၊ မင်းနဲ့ဝမ်ဝမ်ကတော့ အမေနဲ့အတူ စကားပြောဖို့ လိုက်ခဲ့"

"ဒီအစေခံ နာခံပါ့မယ်" မြန့်စန်းယု က အမိန့်ကို သိရှိပြီး တခြားအမျိုးသမီးကို လူစုခွဲစေခဲ့သည်။ ဝမ်ဝမ် သည် မြန့်စန်းယုအရှေ့တွင် တစ်ယောက်တည်း ရပ်နေခဲ့သည်။ မျက်မှောင်ကြုံ့နေသော မျက်ခုံးများက သူမ စိတ်ပူနေသည်ကို ပြသနေသည်။

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now