Chapter: 072 – ဖုံးကွယ်ထားသောဘေးအန္တရယ်-၁
သူသည် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသည်။ သူ့ကိုကြည့်ရင်း ဂျီမိန်၏မျက်လုံး မှာ မိန်းမောနေသည်။ ရှေးခေတ်က မြင့်မြတ်သော အမျိုးသားများသည် အမှန်တကယ် ကြီးကျယ်ခမ်းနားသော အသွင်အပြင်များ ရှိသည်။ သူ၏ ဆွဲဆောင်မှုရှိသော သွယ်လျသောလက်ချောင်းများသည် အလုပ်ကြမ်းကို တစ်ခါမျှ မလုပ်ဖူးသကဲ့သို့ ဖြစ်နေသည်။
နင်းမင်ကျဲ သည် လိမ္မာပါးနပ်သူဖြစ်သည်။ သူ့အတွက် အကျိုးမရှိရင် သူတပါးကို ထိခိုက်နစ်နာစေမယ့် အရာမျိုး လုပ်မှာ မဟုတ်ပါ။ နင်းယုရွမ် က ဂရုမစိုက်ပေမဲ့ မြို့စားရဲ့ကိုယ်လုပ်တော် အတွက် သူ ကဗျာရေးထားတာကို တခြားလူတွေ သိသွားရင် မကောင်းပေ။ သူ့ရဲ့ အချစ်ရေးပြိုင်ဘက်ကို လုံခြုံအောင် ထားပေးတဲ့အတွက် သူမကိုတောင် ကျေးဇူးတင်လောက်သည်။
ဂျီမိန် သည် အကြည့်ကို ရုတ်၍ နင်းအားရုံ၏အတင်းအဖျင်းပြောသံကို နားထောင်ရင်း ပျင်းနေခဲ့သည်။
မကြာသေးခင် လော်ရန်စေတီ၏ပဥ္စမထပ် ရှိ လုပ်ငန်း သည် အပေါ်ဆုံးထပ်ရှိ လုပ်ငန်းပမာဏာကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ထို့အပြင် အိမ်ရှေ့မင်းသား သည် ဤနေရာသို့ ကိုယ်တိုင်လာရောက်၍ ကဗျာတစ်ပုဒ်ရေးခဲ့သေးသည်။ ဤသည်မှာ လောရန်စေတီ အား ကြီးမားသောမျက်နှာပေးမှုဖြစ်သည်။ သို့သော် အိမ်ရှေ့မင်းသား သည် ကဗျာ၏ဒုတိယပိုင်းကို မရေးနိုင်သည့်အပြင် အခြားမည်သူမျှ ကျေနပ်လောက်သည့်အထိ မရေးသားနိုင်သောကြောင့် ဆိုင်ရှင်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူ စိတ်တွေအရမ်းပူနေတော့ ကဗျာကို မူရင်းရေးတဲ့လူကို ရှာချင်နေခဲ့သည်။ ဒါက နောက်ပြောင်တဲ့ ကိစ္စမဟုတ်ဘူး။ အိမ်ရှေ့မင်းသား ဒေါသထွက်ပြီး လော်ရန်စေတီကို ဖြိုချလိုက်ရင် ဘယ်လိုလုပ်မလဲ!
ဒါပေမဲ့ သူတို့ သည် ဂျီမိန်ကို လုံးဝရှာမတွေ့သည်နှင့် အဆုံးသတ်သွားခဲ့သည်။
နင်းယုရွမ် သည် ပဉ္စမထပ်၏ အလယ်ဗဟိုတွင် ချိတ်ဆွဲထားသော ကဗျာကို ကြည့်လိုက်သည်။ သူ့မျက်ခုံးတွေက တစ်ချိန်လုံး ပြေလျော့မသွားဘူး။ ဒီကဗျာကို ရေးထားတာ အရမ်းကောင်းပြီး ဒီလက်ရေးလှပုံစံကို သိသည့်လူ သိပ်များများစားစားမရှိပေ။ နင်းမင်ကျဲ သည် ထိုလူများထဲမှ တစ်ဦးဖြစ်သည်။ သို့သော် သူ နင်းမင်ကျဲ၏ အရေးအသားကို အနည်းငယ်သာ မြင်ဖူးသည်။ မြန့်စန်းယု သည် လွန်ခဲ့သည့်ရက်အနည်းငယ်က သူ၏ဝမ်းကွဲများနှင့်အတူ အိမ်တော်မှ ထွက်သွား၍ လော်ရန်စေတီသို့ ရောက်လာခဲ့သည်ကို သူသိခဲ့သော်လည်း၊ ဤသည်မှာ သူ ရေးသားတာဖြစ်သည်ကို လုံး၀မသေချာသေးပေ။
YOU ARE READING
နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။
RomanceAlternative names:Dsb, 春闺梦里人 Author: 白鹭成双 Genre: Historical, Comedy, Josei, Drama, Shoujo, Romance