Chapter: 060

246 32 0
                                    


Chapter: 060 – ဇာတ်ပို့မင်းသား နှင့် ဇာတ်ပို့မင်းသမီးတို့၏အခန်းကဏ္ဍ-၁

မုရွှီ ထွက်သွားပြီးနောက် သူမ တခဏကြာတော့ ထွက်လာခဲ့သည်။ မုရွှီ ပြန်လာတော့ အပြန်လမ်းတွင် နေ့လည်စာ စားဖို့ ယူလာခဲ့သည်။ ဂျီမိန် သည် စာရင်းတွေကို ကြည့်ရင်း အလုပ်ရူပ်နေသောကြောင့် မုရွှီ ဘယ်သွားသလဲကို မမေးခဲ့ပါ။ သို့သော် နေ့လည်စာအတွက် ကြက်ကင်ကို မြင်သောအခါ သူမ၏စိတ်သည် အလွန်ကောင်းမွန်နေခဲ့သည်။

"ဒီအစေခံ နေ့လည်စာသွားယူတုန်းက အတင်းပြောသံတချို့ကို ကြားခဲ့တယ်" မုရွှီ က အတင်းပြောသောမျက်နှာထားဖြင့် ပြောပြသည်။ "သခင်မ ဘာတွေဖြစ်ခဲ့သလဲ မှန်းကြည့်ပါလား?"

ဂျီမိန် သည် သူမ ကို မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

"ဒီမနက်စောစောမှာ အိမ်တော်သခင်မ က သစ်ပင်တစ်ပင်ပေါ်ကို တက်ခဲ့ပြီး နှင်းရည်ကို စုဆောင်းခဲ့တယ်။ ပြီးတော့ ဥယျာဉ်ထဲမှာ လက်ဖက်ရည်ဖျော်ဖို့ နှင်းရည်ကို အသုံးပြုချင်တယ်လို့ ပြောခဲ့တယ်" မုရွှီက ခပ်ဖွဖွ ပြုံးသည်။ "သူမ သစ်ပင်ပေါ်ကနေ ပြုတ်ကျသွားခဲ့တယ်လေ၊ အစေခံမိန်းကလေးတွေ ကူညီရမဲ့အစား မြို့စားရဲ့ဝမ်းကွဲက သူမကို မတ်တပ်ရပ်စေဖို့ ကူတွဲပေးခဲ့တယ်"

ဂျီမိန် အံ့ဩသွားသည်။ နင်းမင်ကျဲ ကို ပြောတာ မဟုတ်ဘူးလား? နောက်ဆုံးမှာ သူတို့နှစ်ယောက် တွေ့ဆုံခဲ့သေးသည်။ အလယ်မှာ ဖြစ်ပျက်ခဲ့သမျှ က အဓိကဇာတ်ကွက်ကို မပြောင်းလဲစေဘူးလား?

"အခင်းဖြစ်ရာမှာ ဖြတ်သွားဖြတ်လာအစေခံမိန်းကလေးတွေက သခင်မရဲ့အမူအရာ ဟာ နည်းနည်းရှက်နေခဲ့တယ်လို့ ပြောတယ်၊ သူမ သံသယဖြစ်စရာတစ်ခုခုကို ရှောင်ရှားဖို့ နည်းနည်းလေးမှ ရည်ရွယ်ချက်မရှိဘူး၊ ပြီးတော့ သူမ က မဏ္ဍပ်ထဲမှာ သူမနဲ့ အတူ လက်ဖက်ရည်သောက်ဖို့ မြို့စားရဲ့ဝမ်းကွဲကိုတောင် ဖိတ်ခဲ့တယ်"

ဇာတ်လမ်းထဲတွင် ဖြစ်ခဲ့သည့်အတိုင်း အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသော်လည်း တစ်စုံတစ်ခု ပြောင်းလဲသွားပုံရသည်။ မုရွှီ၏စကားအရဆိုလျှင် ဝမ်ဝမ် သည် တခြားနည်းလမ်းနဲ့ နင်းမင်းကျဲကို သဘောကျနှစ်ခြိုက်သူ ဖြစ်ပုံရသည်။

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now