Chapter: 008 - မြန့်စန်းယု၏ဆန္ဒ။

360 30 0
                                    



Chapter: 008 – မြန့်စန်းယု၏ဆန္ဒ။

မုရွှီ တုန်လှုပ်သွားသည်။ သူမ ကြာပန်းကို အလျင်အမြန်ထုပ်ပြီး အပြင်ခန်းရဲ့ခုံတွင် သွားထိုင်သည်။ သူမ ကြက်သားနဲ့ ထမင်းကို သေးသေးလေး ကိုက်စားတယ်။ စားပြီးသည်နှင့် မြန့်စန်းယုကို စစ်ဆေးဖို့ ခေါင်းလှည့်လိုက်သည်။

သူမရဲ့သခင်မ သည် စားပွဲတွင် စားသောက်ရမည့်အမူအကျင့် ကို နည်းနည်းမှ ထုတ်မပြပဲ မြိန်ရေရှက်ရေ စားသောက်ခဲ့သည်။ ကြက်ခြေထောက်ကို ကိုင်ထားရင်း သူမမျက်နှာမှာ ထမင်းတွေတောင် ကပ်နေခဲ့တယ်။ သူမက တကယ်ကို ဓားပြနဲ့တူတယ်။ မုရွှီရဲ့အကြည့်ကို သတိပြုမိသည့် သူမက ခေါင်းကိုမော့ကာ ပြောလိုက်သည်။ "ကိုယ့်ဟာကိုယ်စား!"

မုရွှီ တုန်လှုပ်သွားသည်။ သူမ ခေါင်းကို အလျင်စလို ငုံ့ပြီး ဆက်မကြည့်ဝံ့တော့။ သူမ၏ အထင်အမြင်လွဲမှားမှုဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူမ၏သခင်မ သည် ယခင်ကထက် နူးညံ့သိမ်မွေ့လာသည်ဟု ခံစားမိသည်။ သို့သော် သူမ တင်းတင်းမာမာ ပြုမူလာသောအခါတွင် သူမ၏ အကြည့်များက ယခင်အတိုင်းပင်။

ဂျီမိန် သည် ကြက်သားနှင့်ထမင်းကို စားပြီးသောအခါတွင် သူမသည် လက်ရှိအခြေအနေနှင့် ပတ်သက်၍ ပိုမိုကျေနပ်လာခဲ့သည်။ သူမသည် ထမင်းစားပြီးနောက် မုရွှီ ကို သန့်ရှင်းရေးလုပ်ဖို့ ထားခဲ့ပြီး အိပ်ရာသို့ ပြန်သွားခဲ့သည်။

ဂျီမိန် သည် မရင်းနှီးသောကမ္ဘာတွင် ရှိနေသော ပထမဆုံးညတွင် မြန့်စန်းယု ကို မထင်မှတ်ဘဲ အိပ်မက်မက်ခဲ့သည်။

အိပ်မက်ထဲတွင် သနားစရာကောင်းပြီး မုန်းစရာကောင်းသော အမျိုးသမီးသည် သူမ၏ သေမင်းတမန်လိုဖြူဖပ်ဖြူရော် မျက်နှာနှင့် လွင့်မျောနေသည်။ သူမက တိတ်တိတ်ဆိတ်ဆိတ်နဲ့ပြောလာသည်။ "အစ်မ က ကျွန်မရဲ့ဆန္ဒကို ဖြည့်ဆည်းဖို့ ဒီကိုလာခဲ့တာပါ၊ ကျွန်မရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပြီးရင် ကျွန်မက လူဝင်စားဖို့ ထွက်သွားမှာ ဖြစ်ပြီး အစ်မ ပြန်သွားနိုင်ပါတယ်"

ဂျီမိန် က သူမကို အဝေးကို ကန်ထုတ်ချင်တယ်။ မိုက်မဲသော ဒုတိယဇာတ်လိုက်မင်းသမီး က ကိုယ့်ကိုကိုယ်သတ်သေပြီး အခု ဝတ္တူရဲ့အဆုံးသတ်ကို ပြောင်းလဲပစ်ချင်နေတာလား?

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now