Chapter: 055

248 29 0
                                    



Chapter: 055 –'တောင်တွေ မပြိုသလို၊ ကောင်းကင်နဲ့မြေကြီး ပူးပေါင်းမနေဘူး၊ ဒါ့ကြောင့် ခင်ပွန်းနဲ့ခွဲဖို့ ဆန္ဒရှိတယ်'-၂

"အိမ်း.. ဒါပေမဲ့ ဒါ နင်လုပ်နေကျ ပုံစံပဲလေ" နင်းအားရုံ ရဲ့မျက်လုံး ကျဉ်းမြောင်းသွားကာ ပြောလိုက်သည်။ "နင် မကြိုက်တဲ့လူကို သေအောင် နှိပ်စက်မယ်လို့ ပြောနေကျမလား? နင်နဲ့အဲဒီမုရူချင်း က ဘယ်တုန်းကမှ မတည့်ခဲ့ကြဘူး"

"ငါ သူမကို မကြိုက်ရင်တောင် ငါ သူမကို တွန်းချခဲ့သူ မဟုတ်ဘူး၊ သေခြင်းတရားကို ရူးသွပ်စွာရှာတဲ့နည်းလမ်းကို ငါ ရွေးချယ်မှာမဟုတ်ဘူး။ အဲဒီညက အဖြစ်အပျက်ဟာ နင့်ဝမ်းကွဲ ငါ့ခြံဝင်းထဲမှာ ၂ ညဆက်တိုက်နေခဲ့လို့ တစ်စုံတစ်ယောက် က မထိန်းနိုင်ပဲ ငါ့ကို တိုက်ရိုက်ပြသာနာရှာနေတာ"

နင်းအားရုံ နည်းနည်း အံ့ဩသွားသည်။ "ငါ့ဝမ်းကွဲက နင့်ကို တကယ်ပဲ အဲလောက်မျက်နှာသာပေးနေတာလား? ကိုယ်လုပ်တော်ဖြစ်ရခြင်းက ပဏာမဇနီးဖြစ်နေခြင်းထက် ပိုကောင်းနေတာများလား?"

ဂျီမိန် တွေးမိသည်။ မြန့်စန်းယု သည် အင်္ကျီလက်လှန်၍ ဤဝမ်းကွဲယောင်းမလေးနှင့် စော်ကားပြောဆိုတာမျိုး လုပ်နိုင်သည်မှာ အံ့ဩစရာမဟုတ် ဟူ၍ပင်။ သူမရဲ့စကားတွေက တကယ်ပဲ သူမရဲ့နောက်ကွယ်မှာ ဆဲဆိုချင်စိတ်ဖြစ်စေမည့် စကားများ အမှန်ပင်ဖြစ်သည်။

"နင့်ရဲ့ဝမ်းကွဲက သူ့မိန်းမကို အခုအချိန်မှာ အချစ်ဆုံးပဲ။ ကိုယ်လုပ်တော်တွေကို သူမအပေါ် နှိုးဆော်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုတာ" ဂျီမိန် က တိတ်တဆိတ် ပြောလိုက်သည်။ "ငါ့မှာ တခြား အတွေးတွေ မရှိတော့ဘူး၊ ကိုယ့်ဘဝကို အေးအေးချမ်းချမ်း နေချင်တယ်"

"နင် အခု ငါ့ဝမ်းကွဲကို တကယ်မချစ်တော့ဘူးလား? တောင်တွေ ပြိုကျပြီး ကောင်းကင်နဲ့ မြေကြီး ‌ပေါင်းစည်းသွားချိန်မှ ခင်ပွန်းနဲ့ခွဲခွာဖို့ ဆန္ဒရှိမယ်' လို့ နင် ပြောခဲ့တာ မဟုတ်ဘူးလား?

ဂျီမိန် က ပေါ့ပေါ့ပါးပါး ပြုံးပြီးပြောတယ်။ "အခု တောင်တွေ မပြိုသလို၊ ကောင်းကင်နဲ့မြေကြီး ပူးပေါင်းမနေဘူး၊ ဒါ့ကြောင့် ငါ ခင်ပွန်းနဲ့ခွဲဖို့ ဆန္ဒရှိတယ်"

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now