Chapter: 030 - မကောင်းဆိုးဝါး ယောက္ခမ ပြန်လာပြီ (၁)

314 36 0
                                    



Chapter: 030 – မကောင်းဆိုးဝါး ယောက္ခမ ပြန်လာပြီ (၁)

ဤစကားများ၏ အဓိပ္ပါယ်မှာ မြို့စားမိုယု သည် မြန့်စန်းယုကို နှိပ်စက်သည် ဟု သက်ရောက်သည်။

နင်းယုရွမ် သည် မျက်ခုံးပင့်ကာ အနည်းငယ် ရယ်မောတယ်။ "ဒါကို နားလည်လို့ရပါတယ်။ လူတွေဟာ နေမကောင်းတဲ့အခါ အမေ့ကို အမြဲတွေးတက်ကြတယ်။ မင်းတို့ မောင်နှမနှစ်ယောက် မတွေ့တာ ကြာပြီပဲလေ၊ မင်း သူမနဲ့ကောင်းကောင်းထိုင်ပြီး စကားပြောရင်ကော ဘယ်လိုလဲ? ငါ အပြင်ထွက်ပြီး ဥယျာဉ်ထဲ လမ်းလျှောက်ထွက်ဦးမယ်"

မြန့်ချင်းယွမ် က မြန့်စန်းယုကို စိုက်ကြည့်ပြီး ခေါင်းညိတ်သည်။

ဂျီမိန် က လက်သီးကို ဆုပ်ထားသည်။ သူမ ဒီလူနဲ့ တစ်ယောက်တည်း နေခဲ့ရမှာလား? နင်းယုရွမ် ထွက်သွားတာကို သူမ တကယ်တားချင်ပေမယ့် သူ့မှာနေဖို့ ရည်ရွယ်ချက်နည်းနည်းလေးမှမရှိတာကိုတွေ့လိုက်ရတော့ သူက ဒါကို တမင်တကာလုပ်နေတာမှန်း သူမ သိလိုက်တယ်။ သူမကို အမှန်တရားကို ဖုံးကွယ်ဖို့ မကူညီပေးလိုသည်မှာ သေချာသည်။

မြန့်ချင်းယွမ် သည် မြို့စားမိုယု အခန်းထဲက ထွက်မလာခင်အထိ အိပ်ရာဘေးမှာ ထိုင်စောင့်နေတယ်။ မြန့်စန်းယုကို ကြည့်ရင်း သူ့မျက်ခုံး နည်းနည်းတွန့်သွားသည်။ "စန်းယု၊ ဒီတခေါက် ညီမလေး က ရက်စက်လွန်းတယ်၊ အဖေ ဒါကို သိတာနဲ့ ဒေါသတကြီး အိမ်ပြန်လာတော့တာပဲ၊ အစ်ကို ညီမလေးကို ကာကွယ်ချင်ပေမဲ့ ဒီတခါတော့ မလုပ်နိုင်ဘူး။ ကိုယ်လုပ်တော်ဖြစ်ရခြင်းရဲ့ ဝမ်းနည်းမှုကို ညီမလေး ခံစားရလိမ့်မယ်။"

ဂျီမိန် သည် နှုတ်ခမ်းကို ကိုက်၍ မြန့်စန်းယု၏စိတ်နေစိတ်ထားကို တွေးလိုက်သည်။ သူမ အမှားလုပ်မိသကဲ့သို့ သူမ ပြောလိုက်သည်။ "ညီမ သူ့ကို သိပ်ချစ်ခဲ့လို့ပါ.."

မြန့်ချင်းယွမ် သူမကို သံသယမဖြစ်ခဲ့ပါ။ သိသိသာသာ ပိန်သွားသော သူ့ညီမလေးကို ကြည့်ရင်း သူ စိတ်မပူပဲမနေပေ။ "မင်း ဒီမှာ နေရလို့ မပျော်ရင် အစ်ကို မြို့စားကို ပြောပြီး အိမ်မှာ ရက်နည်းနည်းလောက် ပြန်နေရင်ကော ဘယ်လိုလဲ? ဒီနည်းလမ်းနဲ့ဆို အစ်ကို ညီမလေးကို ဂရုစိုက်နိုင်မှာ"

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now