Chapter: 035 သူမကိုချစ်တယ်-၂

325 31 0
                                    



Chapter: 035 သူမကိုချစ်တယ်-၂

"ဧကရာဇ်က သူနဲ့အထက်တန်းလွှာကြင်ယာတော်မြန့်ရဲ့ ဆက်ဆံရေးကြောင့် အရင်က မြန့်အိမ်တော်ကို လွှတ်ပေးထားတာ မင်း သိလား? မြန့်အိမ်တော် ဟာ မရိုးသားတဲ့မိသားစုဝင်တွေရှိတဲ့ ရင့်ကျက်ပြီး အားကောင်းသည့် မျိုးနွယ်တစ်ခု ဖြစ်လာတယ်။ ဧကရီ ဘက်ကလည်း ဒါကို မကျေမနပ်ဖြစ်နေတာ ကြာပြီ။ မင်း အလျင်စလို ပြုမူနေပြီး ဧကရာဇ် က အထက်တန်းလွှာကြင်ယာတော်မြန့်ကို အပြစ်ပေးဖို့ ဘာလို့ အခွင့်အရေးပေးခဲ့သေးတာလဲ?" သခင်မကြီး သည် နည်းနည်း ဒေါသထွက်နေသည်။

"တစ်ခါတစ်လေ မင်း က အခြေအနေတွေကို ဂရုမစိုက်ပဲ ဒေါသတကြီးနဲ့ တကယ်ပဲ ပြုမူတတ်တယ်။ လွန်ခဲ့သည့်နှစ်များစွာအတွင်း မင်းရဲ့လုပ်ရပ်အတွက် ရွမ်အာ က မင်းအပေါ် အငြိုးထားခဲ့တာ အံ့ဩစရာတော့ မရှိဘူး"

ဂျီမိန် သည် သူမ၏ဆုံးမသောစကားများကို နာခံရုံမျှဖြင့် ထိုလုပ်ရပ်များအတွက် သူမတွင် တာဝန်မရှိဟု တွေးတောနေခဲ့သည်။ သို့သော် သခင်မကြီးချင်းနဲ့အထက်တန်းလွှာကြင်ယာတော်မြန့်တို့ သည် တကယ့်သူငယ်ချင်းကောင်းများ ဖြစ်ကြသည်ကို သူမ မြင်နိုင်သည်။ သခင်မကြီး သည် မြန့်အိမ်တော်နဲ့ပတ်သက်လို့ အမျိုးမျိုး တွေးနေခဲ့တယ်။

"အခု အမေ ပြန်လာပြီ၊ ဒီအိမ်တော် မှာ မင်းကို ဘယ်သူကမှ ဒုက္ခပေးမှာ မဟုတ်ဘူး" သခင်မကြီး သည် သူမရဲ့အမူအရာတွေကို ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ "ဒါပေမဲ့ မင်းကိုယ်တိုင် သင်ယူစရာတွေ အများကြီးရှိတယ်။ မင်းကို အချိန်တိုင်း မကူညီနိုင်တဲ့အခါ အမေ့ကို အပြစ်မတင်ပါနဲ့"

လေထု က ပြင်းထန်လွန်းတယ်။ ဂျီမိန် က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ တခဏကြာတော့ သူမ သခင်မကြီးရဲ့မျက်နှာကို အကဲခတ်၍ သူမရဲ့ရတနာကို ပေးဖို့ ဆုံးဖြတ်လိုက်သည်။ "သခင်မကြီး၊ ရထားလုံးစီးရတာ ပင်ပန်းနေမှာပဲ၊ သခင်မကြီးအနားယူချိန်မှာ စန်းယု ကို မျက်နှာသစ်ခွင့်ပြုပါလား?"

သခင်မကြီး က သူမကို တချက်ကြည့်လိုက်သည်။ "မင်း ကတော့ နာခံဟန်ဆောင်နေပြန်ပြီ၊ ကောင်းပြီလေ၊ ဒီမျက်နှာက ခရီးသွားရာ‌နေ ပင်ပန်းနေတဲ့အနေအထားကို ပြနေတယ်။ ရူဝု အပြင်ထွက်ပြီး ရေသွားယူ၊ တာ့ကွေ့ ပုလဲပေါင်ဒါမှုန့်ကို ယူခဲ့၊ ငါ တရေးတမောအိပ်နေချိန်မှာ စန်းယုကို ငါ့မျက်နှာသစ်ဖို့ အားလုံးလုပ်ပေးလိုက်ပါ"

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now