Chapter: 076- အိမ်ရှေ့မင်းသားရဲ့ကျီစားတက်သောသဘာဝ-၁

246 41 0
                                    



Chapter: 076– အိမ်ရှေ့မင်းသားရဲ့ကျီစားတက်သောသဘာဝ-၁

သခင်မကြီးသာ နန်းတော်သို့ အမှန်တကယ်သွားနေထိုင်ပါက၊ မြို့စားအိမ်တော်တွင် ဝမ်ဝမ့်ဘဝက ကောင်းမွန်လာနိုင်မှာလား?

အဖြေကတော့ 'မကောင်းမွန်နိုင်ပါ'။

ရထားလုံး သည် လူစုလူဝေးကို ကျော်ဖြတ်ကာ နန်းတော်ဆီသို့ ဦးတည်သွားသော်လည်း ဝမ်ဝမ်သည် ဒေါသတကြီး သူမ၏အလှပြင်ထိုင်ခုံတွင် ထိုင်နေသည်။ မြို့စားမိုယု သည် အနီးတွင် ရပ်နေသည်။ သူ့အမူအရာက အရမ်းရုပ်ဆိုးပေမယ့် ဝမ်ဝမ် က မမြင်သလိုဟန်ဆောင်၍ ဝမ်းနည်းတဲ့လေသံနဲ့ပြောလိုက်သည်။ "အရှင် ကျွန်မကို ကောင်းကောင်း ဆက်ဆံမယ်၊ မကျေမနပ်ဖြစ်တာတွေ ခံစားခွင့်မပြုဘူးလို့ ပြောခဲ့တယ်၊ ဒါဆို ဘာလို့ ကျွန်မကပဲ သူမကို အချိန်တိုင်း တောင်းပန်တဲ့သူ ဖြစ်ရတာလဲ?"

ဝမ်ဝမ် သည် မရင့်ကျက်သလို ကျိုးကြောင်းမသင့်သူဟု နင်းယုရွမ် ပထမဆုံးအကြိမ် ခံစားလိုက်သည်။ သူမ သည် အမှားကို ဝန်ခံရန် ငြင်းဆန်ခဲ့သည်။ ဒီလိုဒုက္ခမျိုးကို ဖြစ်ပေါ်စေတာက သူမအတွက် လုံးဝအကျိုးရှိမှာ မဟုတ်ပါ။

"ဒါ့အပြင် နန်းတော် က ဘာဖြစ်လို့လဲ? နန်းတော်ထဲမှာ အရသာရှိတဲ့ အစားအသောက်တွေ ရှိတယ်။ အဲနေရာမှာ သူမ ကောင်းကောင်း ဆက်ဆံခံရလိမ့်မယ်၊ အရှင် ဘာကို စိတ်ပူနေတာလဲ?" ဝမ်ဝမ် သည် မှန်မှတဆင့် နင်းယုရွမ် ကို စိုက်ကြည့်နေသည်။

မြို့စားမိုယု သည် သူ့မျက်ခုံးကြားက နေရာလွတ်ကို ပွတ်သပ်ရင်း အသံတိုးတိုးနဲ့ပြောလိုက်သည်။ "အစတည်းက မင်း က မှားနေတဲ့သူလေ၊ အဲနေ့က အချိန် က အရမ်းနောက်ကျနေပြီ၊ ဒါပေမဲ့ မင်း က မင်ကျဲနဲ့အရမ်းအနေနီးနေခဲ့ပြီး သံသယဖြစ်စရာတစ်ခုခုကို လုပ်နေတယ်၊ အမေ ဒေါသမထွက်ပဲ ဘယ်နေမှာလဲ?"

"သူဟာသူ အရင်ရောက်လာတာ၊ ကျွန်မ သူ့ကို မဖိတ်ဘူး၊ ကျွန်မကို အရှင် က ဘာလို့အပြစ်တင်နေတာလဲ?" ဝမ်ဝမ် သည် ပို၍ပင် ဒေါသထွက်လာသည်။ "တန်ရှန်းနဲ့ချောင်းရှန်းလည်း အဲဒီမှာရှိတယ်၊ အရှင် က ကျွန်မကို အရူးတစ်ယောက် လို ဘာလို့ ဆက်ဆံနေတာလဲ?"

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now