Chapter: 025 - သူမကိုယ်သူမ ပို့ဆောင်ခြင်း-၂

297 32 0
                                    



Chapter: 025 – သူမကိုယ်သူမ ပို့ဆောင်ခြင်း-၂

မြို့စားမိုယု က မျက်ခုံးပင့်လိုက်သည်။ သူ မတ်တပ်ထရပ်ပြီး ဝမ်ဝမ်၏ ရှေ့သို့ လျှောက်သွားကာ မေးစေ့ကို လက်ဖြင့် ယူကာ ပြောလိုက်သည်။ "မင်း တကယ် စိတ်မဆိုးဘူးလား?"

ဝမ်ဝမ် က လှောင်ပြောင်ရင်း နှုတ်ခမ်းကွေးညွှတ်လိုက်သည်။ "ကျွန်မရဲ့ခံစားချက်တွေကို စဉ်းစားပေးရင် အရှင်ကကော တခြားခြံဝင်းကို သွားတာကို ရပ်ပေးဖူးလို့လား?"

နင်းယုရွမ်၏မျက်လုံး ဖြေလျှော့သွားသည်။ တကယ်တော့ သူ့မျက်လုံးထဲမှာ ကလေးဆန်တဲ့ အရိပ်အယောင်တွေ ရှိနေတယ်။ "မင်း မနာလိုဖြစ်နေတာလား?"

ဝမ်ဝမ် ခေါင်းကို လှည့်လိုက်သည်။ "ကျွန်မ အရှင့်ကို လက်မထပ်ခင်၊ အရှင့်မိန်းမ မဖြစ်ခင်မှာ အရှင့်ကို တခြားမိန်းမတွေနဲ့မျှဝေဖို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား၊ အခုထိ ဒီအဖြစ်မှန်ကို လုံးဝလက်မခံနိုင်တဲ့အတွက် ကျွန်မလည်း ဆိုးဆိုးဝါးဝါးခံစားရပါတယ်၊ ဒါပေမဲ့ ကျွန်မ ဒီခံစားချက်တွေကို ကိုယ့်ဘာသာကိုယ် ကျော်ဖြတ်ပြီးတာနဲ့ အဆင်ပြေသွားလိမ့်မယ်။"

နင်းယုရွမ် က သူမကို လက်တဖက်တည်းနဲ့ချီပြီး ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်သည်။ သူက သူ့ရင်ခွင်ထဲက လူကို လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည်။ "မင်း ကျော်ဖြတ်ဖို့ ဘာတွေရှိလို့လဲ? ကိုယ့်မှာ မိန်းမဘယ်လောက်ပဲရှိရှိ မင်းက ကိုယ်အချစ်ရဆုံးသူ မဟုတ်ဘူးလား? မင်း စိတ်မချမ်းသာတာနဲ့ မင်း စကားကို ကိုယ် နာခံပြီး ပြန်မလာလို့လား? ဟမ်?"

ဝမ်ဝမ်သည် သူ့နောက်ပြောင်စကားကြောင့် ရှက်သွားသည်။ သူမ ဒေါသထွက်သောလေသံမျိုးထွက်နေသော်လည်း သူ့ရင်ဘတ်ပေါ် ခေါင်းကို နာခံစွာ မှီနေဆဲဖြစ်သည်။ "ယုရွမ်၊ ရှင် တနေ့ တစ်စုံတစ်ယောက်ကို ချစ်မိသွားပြီး ကျွန်မအပေါ်ကောင်းကောင်းမဆက်ဆံတော့မှာကို ကျွန်မ တကယ်ကြောက်နေတယ်"

မြို့စားမိုယု သည် ခေါင်းငုံ့ကာ နဖူးကို နမ်းခြင်းမပြုမီ မျက်ခုံးနည်းနည်းပင့်တင်လိုက်သည်။ "ကိုယ့်မှာ မင်းရှိပြီးသားလေ၊ ကိုယ် ဘယ်သူ့ကို ချစ်နိုင်ဦးမှာလဲ?"

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now