Chapter: 022 - ရင်းနှီးမြုပ်နှံဖို့ ပြင်ဆင်ခြင်း။ (၁)

285 33 0
                                    



Chapter: 022 – ရင်းနှီးမြုပ်နှံဖို့ ပြင်ဆင်ခြင်း။ (၁)

မြန့်စန်းယု၏အစ်ကို၊ မြန့်ချင်းယွမ် သည် ငယ်ရွယ်ပြီး အလားအလာရှိသော တရားရုံးရှိ အဆင့် ၅၊ စစ်အရာရှိတစ်ဦးဖြစ်သည်။ ဧကရာဇ် က သူ့ကို အလွန်လေးစားတယ်။ မြန့်စန်းယု၏ နာမည်ဆိုးဖြင့် ကျော်ကြားသော ကျော်ကြားမှုနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ ဂုဏ်သတင်းများကြား ခြားနားချက်မှာ ကောင်းကင်နှင့် မြေကြီးလို ကွာဝေးသည်။

မြန့်ချင်းယွမ် သည် မြန့်ရှန်းယွမ်၏မူလပဏာမဇနီး ကွယ်လွန်ပြီးနောက် ဒုတိယဇနီးမှ ဖွားမြင်ထားသော သား ဖြစ်သည်။ မြန့်စန်းယု သည် မြန့်ရှန်ယွမ်၏ပဏာမဇနီးမှ မွေးဖွားထားသော သမီး ဖြစ်သည်။ သူတို့မိခင်များ သည် မတူညီကြသော်လည် မြန့်ချင်းယွမ် ဟာ စန်းယုကို အထူးကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ ငယ်စဉ်အခါက မြန့်စန်းယုကြောင့် ဖြစ်ပေါ်လာသော အပြစ်ဒဏ်ကို သူအမြဲခံခဲ့သည်။ ထို့ကြောင့် မုရွှီ သည် သူတို့အကူအညီလိုလျှင် အကြီးဆုံးသခင်လေးကို သွားရှာသင့်သည်ဟု ခံစားမိခြင်း ဖြစ်သည်။

ဒီလူအကြောင်း ဂျီမိန် သိသည်။ ဇာတ်ကွက်၏ နောက်ပိုင်း တွင် သူသည် မြန့်စန်းယုကို များစွာ ကူညီပေးခဲ့သည်။ သူသည် သူမအပေါ် အမှန်တကယ် ရိုးသားခဲ့သည်။ သို့သော်လည်း သူမသည် ယခုအချိန်တွင် မြန့်စန်းယု မဟုတ်ပါ။ မုရွှီ က သတိထားမိလောက်အောင် မပါးနပ်။ သို့သော် မြန့်စန်းယုနှင့်ရင်းနှီးသူဖြစ်လျှင် ဤခြားနားချက်ကို သတိပြုမိပေမည်။ အဲဒီအခါမှာ သူမ ဘာလုပ်မလဲ?

သူမ သည် အအေးခရင်မ်ကို ရောင်းရာတွင် ကူညီရန် တစ်စုံတစ်ဦးကို ရှာချင်သော်လည်း ဤမျှကြီးမားသော အန္တရာယ်ကို လက်မခံနိုင်ပါ။ ပိုက်ဆံက အရေးကြီးပေမယ့် သူမရဲ့ဘဝက ပိုအရေးကြီးတယ်။

အဲဒါကို စဉ်းစားပြီးတဲ့အခါ ဂျီမိန် က ဆက်ပြောလိုက်သည်။ "ငါ့အစ်ကိုကြီးက နေ့တိုင်းအလုပ်များတယ်၊ ဒီလိုအသေးအမွှားကိစ္စလေးတွေနဲ့ သူ့ကို နှောက်ယှက်နေစရာ မလိုပါဘူး။ အပြင်ထွက်ပြီး သာမာန်ဈေးဝယ်ခရီးအဖြစ် သဘောထားလိုက်ကြရအောင် ဟုတ်ပြီလား?"

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now