Chapter: 024 - သူမဟာသူမ ပို့ဆောင်ခြင်း-၁

284 33 0
                                    



Chapter: 024 – သူမဟာသူမ ပို့ဆောင်ခြင်း-၁

ဂျီမိန်က သူမ တော်တော် ကံကောင်းတယ်လို့ ဝမ်းသာအားရ သဘောတူလိုက်ပါတယ်။ အခုတော့ သူမရဲ့ပိုက်ဆံတစ်စိတ်တစ်ပိုင်းကို ကယ်တင်နိုင်တော့မယ်။

"ကျွန်မ သခင်မရဲ့အဆိုပြုချက်ကို စဉ်းစားခဲ့တယ်။ သခင်မက ကျွန်မနဲ့အတူ အလုပ်တွဲလုပ်ဖို့ ဆန္ဒရှိကတည်းက စာချုပ်တစ်ခုချုပ်ကြစို့" မိန်းကလေးရူ က သူမကို ကြည့်ကာ စိတ်အားထက်သန်သောလေသံဖြင့် ပြောလိုက်သည်။ "သခင်မ က လူမသိသူမသိ သူဌေးဖြစ်ချင်တဲ့အတွက် သခင်မရဲ့ပစ္စည်းတွေကို လစဉ်လစာနဲ့ရောင်းပေးပါမယ်၊ ကျွန်မ သခင်မရဲ့ဆိုင်ကို အခမဲ့အသုံးပြုပြီး အမြတ်ဝေစုကိုလည်း ရယူရတာ တကယ်ကို တရားမျှတပုံမပေါ်ပါဘူး။"

ဂျီမိန် က ပြုံးပြီးပြောတယ် "ယုံကြည်ရတဲ့လူကို ရှာရခက်တယ်။ မင်း ငါ့ကို ဆိုင်ရှင် ဖြစ်စေချင်ရင် အဆင်ပြေပါတယ်၊ အဲဒီအခါကျရင် အမြတ်ငွေကို ပြတ်ပြတ်သားသား ခွဲထုတ်နိုင်တယ်။ အမြတ်ရဲ့ ၄၀% နဲ့ ၆၀%က ငါ့ပစ္စည်းရောင်းချခြင်းအပါအဝင်း အလှကုန်ရောင်းချခြင်းမှ မင်းနဲ့ငါ့ထံကို အသီးသီးရောက်မယ်၊ လစဉ်လစာမလိုဘူး၊ ဘယ်လိုထင်လဲ?"

လူတိုင်း က တခြားဆိုင်ကို ကိုယ့်ဆိုင်ကဲ့သို့ စီမံခန့်ခွဲဖို့ အစွမ်းကုန်ကြိုးစားပြီး စီမံခန့်ခွဲဖို့ စိတ်ကူးရှိကြရဲ့လား? ဂျီမိန် သည် ဝင်ငွေနည်းတာထက် အလွန်အရည်အချင်းရှိသော ဤဆိုင်ရှင်ကို လိုချင်သည်။

မိန်းကလေးရူ က သက်ပြင်းမချခင် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီး ပြောလာခဲ့သည်။ "သခင်မက ရမ်းရိုးသားပြီး လိုက်လျောညီထွေမှုရှိတယ်။ သခင်မက ကျွန်မကို

အခြေအနေဆိုးကနေ ကယ်တင်ခဲ့တဲ့ ကျွန်မရဲ့ ကျေးဇူးရှင်လည်းဖြစ်တယ်။ ဒီအချက်ကို သခင်မက ပြောပြီးပြီမို့ ကျွန်မ ဆက်ငြင်းမှာမဟုတ်ဘူး။ ဆိုင်ကို ခွဲပြီး လုပ်ငန်းစဖွင့်ပြီးရင်တော့ ကျွန်မလုပ်ငန်းကို အကောင်းဆုံး စီမံခန့်ခွဲသွားမှာ သေချာပါတယ်"

ဂျီမိန်က ခေါင်းညိတ်ပြရင်း ပြုံးလိုက်သည်။

သူတို့ ဆိုင်ရဲ့ဒုတိယထပ်ကို သွားပြီး သူမကို ငွေလတ်မှတ် ၃၀၀နဲ့အအေးခရမ်ဘူးကြီးကို ပေးလိုက်သည်။

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now