Chapter: 016 - အိမ်တော်၏အပြစ်ဒဏ်၊ ကြိမ်ဒဏ်-၂

324 28 0
                                    



Chapter: 016 – အိမ်တော်၏အပြစ်ဒဏ်၊ ကြိမ်ဒဏ်-၂

"ဟုတ်ကဲ့" ဆက်ငြင်းနေရင်တောင် ရလဒ်ကောင်းတော့ ရမှာမဟုတ်ဘူး။ ဒီလူက မြန့်စန်းယုကို သိသိသာသာ မုန်းတီးပြီး ဝမ်ဝမ်ကို အကာအကွယ် ပေးချင်တာကြောင့် သူမရဲ့ ခေါင်းမာမှုက ဘာအကျိုးရှိမှာလဲ? စောစော အပြစ်ပေးခံရလေလေ ကိစ္စမြန်မြန်ပြီးလေလေဖြစ်သည်။

မြို့စားမိုယု သည် ခဏတာ တိတ်ဆိတ်သွားသည်။ သူ အနည်းငယ် အံ့သြသွားပုံရသည်။ သို့သော် ဤနေရာတွင် လူများစွာရှိသောကြောင့် သူ့အတွေး သို့မဟုတ် ခံစားချက်များကို များများစားစား မပြခဲ့ပါ။ "ဒီလိုဆိုမှတော့ အိမ်ထိန်းရှန့် သူမကို ခေါ်သွားပြီး အိမ်တော်ရဲ့စည်းကမ်းနဲ့အညီ အပြစ်ပေးလိုက်ပါ"

"နားလည်ပါပြီ" အိမ်ထိန်းရှန့်က ခေါင်းညိတ်လိုက်သည်။ ကြမ်းကြုတ်သော အစေခံနှစ်ယောက် ထွက်လာပြီး သူမကို အပြင်သို့ ခေါ်သွားသည်။

မုရွှီ သည် အလွန်ထိတ်လန့်သွားပြီး သူ့သခင်မ က အပြစ်ပေးခံရတာကို အေးအေးဆေးဆေး လက်ခံနိုင်လို့ သူမ အံ့သြသွားတယ်။ သူမကြောင့်သာ မဟုတ်ရင် သခင်မက ချုပ်နှောင်ထားတဲ့ ခြံဝင်းထဲက ထွက်သွားမှာ မဟုတ်ဘူး။!

ထိုအရာကို သူမတွေးမိသောအခါ မုရွှီ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ သူမ၏ခွန်အားရှိသမျှဖြင့် မြို့စားမိုယု အား ထပ်ခါတလဲလဲ တောင်းပန်ခဲ့သည်။ "အရှင်၊ ဒီအစေခံရဲ့သခင် က ကျန်းမာရေးချို့တဲ့ပါတယ်၊ သခင့်နေရာမှာ ဒီအစေခံ အစားဝင်ပါရစေ! တောင်းဆိုပါတယ်!"

နင်းယုရွမ် က သူမကို လျစ်လျူရှုလိုက်သည်။ ဝမ်ဝမ် အပါအဝင် အခန်းတွင်းရှိ အခြားလူများကလည်း စကားတစ်ခွန်းမှ မပြောပေ။ မျှော်လင့်ချက်ကင်းမဲ့နေသော မုရွှီ က သူတို့ကို ကြည့်ဖို့ ခေါင်းမော့လိုက်သည်။ ထို့နောက် သူမ လှည့်ထွက်ကာ အပြင်သို့ ထွက်လာခဲ့သည်။

ဂျီမိန် သည် အလွန်တည်ငြိမ်နေသော်လည်း အိမ်ထိန်းရှန့် က ကြိမ်လုံးယူလာသည်ကို သူမမြင်လိုက်ရသောအခါတွင် သူမ၏နှလုံးသားမှာ အပေါက်ဖြစ်သွားခဲ့ရတယ်။

နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။Where stories live. Discover now