Chapter: 075 – ယောက္ခမနဲ့ချွေးမကြား ပြင်းထန်တဲ့ စစ်ပွဲ-၂သူတို့အနောက်တွင် နင်းယုရွမ် သည် သခင်မကြီးနောက်ကို လိုက်ချင်ပေမဲ့ ဝမ်ဝမ် က သူ့အင်္ကျီလက်ကို ဆုပ်ကိုင်ထားသည်။
ဝမ်ဝမ် က နီရဲနေသည့်မျက်ဝန်းတွေနဲ့ သူ့ကိုကြည့်ကာ မေးသည်။ "ကျွန်မထက် အရှင့်အမေ ကို အမြဲတမ်းရွေးချယ်တော့ မလို့လား?"
နင်းယုရွမ် က မျက်မှောင်ကြုံ့ကာ ဒေါသတကြီး ပြောလိုက်သည်။ "မင်း ဘာလို့ တမင်ပြသာနာရှာရတာလဲ? ကိုယ်က မင်းဘက်မှာ ရှိနေပြီးပါပြီ၊ ဒါတောင် မင်း က ဒီလိုစကားမျိုး ပြောနေတုန်းပဲ"
ဝမ်ဝမ် ဆက်ပြီးမေးချင်ပေမဲ့ သူမ ချီစစ်လင်းရဲ့စကားတွေကို မှတ်မိသွားသည်။ သူမ က ဒေါသကို အမြန်ထိန်းချုပ်၍ မြို့စားမိုယုရဲ့အင်္ကျီစကို ဆွဲကာ တိတ်တဆိတ် ပြောလိုက်သည်။ "အရှင် ဒါကို ကျွန်မအကျိုးအတွက် လုပ်နေတာ ကျွန်မသိတယ်၊ အရှင် ကျွန်မကိုချစ်တာကိုလည်း သိတယ်၊ ကျွန်မ နည်းနည်းစိတ်တိုသွားခဲ့လို့ ကျွန်မရဲ့မကျေနပ်ချက်တွေကို မထိန်းနိုင်ခဲ့တာပါ၊ သူမက ကျွန်မနဲ့ပတ်သက်လို့ ဒီလိုစကားတွေကို ပြောလာတာလေ ..."
"ဝမ်ဝမ်" နင်းယုရွမ် က အင်္ကျီလက်ကို ခါချလိုက်သည်။ "မင်း ပိုပြီး ဉာဏ်ကောင်းဖို့ လိုတယ်"
ထိုစကားကြောင့် ဝမ်ဝမ် အံ့အားသင့်သွားကာ သူမရဲ့လက်ကို ရုတ်လိုက်သည်။ နင်းယုရွမ် သခင်မကြီးနောက်သို့ ပြေးလိုက်သွားသည်ကို သူမ ကြည့်နေခဲ့သည်။ သူမ၏ မျက်လုံးများတွင် မလိုလားအပ်သော ဆန္ဒများ ပြည့်နှက်နေခဲ့သည်။
တကယ်တော့ ဒီအဘွားကြီး ထွက်သွားရင် သူမရဲ့ဘဝ ပိုကောင်းလာလိမ့်မယ်။
တချိန်ချိန်တွင် နင်းမင်ကျဲလည်း သတိမထားမိချိန်တွင် ထွက်သွားခဲ့သည်။ ဝမ်ဝမ် ဤနေရာတွင် ရပ်နေခဲ့ပြီးနောက် ရှန့်ဝေခြံဝင်းဆီသို့ ပြန်သွားခဲ့သည်။ သူမ သည် တန်ရှန်းကို ချီစစ်လင်းကို ခေါ်ခဲ့ဖို့ အမိန့်ပေးခဲ့သည်။
နင်းယုရွမ် သည် ပင်မဝင်းအပြင်ဘက်တွင် ဒူးထောက်ထိုင်နေသော်လည်း သခင်မကြီး က ရူဝု၊ တာ့ကွေ့ နှင့် မြန့်စန်းယုတို့ကို အိတ်များထုပ်ပိုးရန် အမိန့်ပေးခဲ့သည်။
YOU ARE READING
နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။
RomansAlternative names:Dsb, 春闺梦里人 Author: 白鹭成双 Genre: Historical, Comedy, Josei, Drama, Shoujo, Romance