chapter: 054 – 'တောင်တွေ မပြိုသလို၊ ကောင်းကင်နဲ့မြေကြီး ပူးပေါင်းမနေဘူး၊ ဒါ့ကြောင့် ခင်ပွန်းနဲ့ခွဲဖို့ ဆန္ဒရှိတယ်'-၁
မြို့စားမိုယု သည် မြန့်စန်းယုထံမှ ကြီးမားသော တုံ့ပြန်မှုကို ရရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူက မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။ "မင်းကို သံသယဖြစ်နေတယ်လို့ ကိုယ် မပြောပါဘူး၊ မင်းဘာလို့အရမ်းစိတ်လှုပ်ရှားနေတာလဲ?"
ဂျီမိန် သည် တည်တည်ငြိမ်ငြိမ် မျက်နှာထားဖြင့် အေးစက်စက် 'ဟမ့်'ဟု နှာမှုတ်သည်။ စောစောက သူ့အကြည့်တွေက ဘာကိုဆိုလိုသည်ကို သူမ နားမလည်ရင် သူမရဲ့နာမည်ကို အနောက်ကနေ ပြန်ရေးလိုက်မယ်!
ဝမ်ဝမ် သည် မြို့စားရဲ့အနည်းငယ် ပြင်းထန်သော အမူအရာကို ကြည့်ရင်း နည်းနည်းအံ့အားသင့်နေသည့်အမူအရာဖြင့် ကြည့်လိုက်သည်။ သူမ နှုတ်ခမ်းစေ့ထားကာ ဘာမှပြန်မပြောပေ။
နင်းယုရွမ် က "နောက်ကျနေပြီ" ဟု မပြောမီ အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့သည်။ "မနက်ဖြန် ဒီကိစ္စကို စုံစမ်းမယ်။ လောလောဆယ်တော့ အားလုံး အနားယူကြရအောင်။"
လူတိုင်းက ခေါင်းငုံ့ပြီး သူ့အမိန့်ကို လက်ခံခဲ့ကြသည်။
ဂျီမိန်သည် ယုန်မွေးဆွယ်တာလက်ပြတ်အင်္ကျီကို ကောက်ကိုင်လိုက်သည်။ ၎င်း ကို အခန်းထောင့်မှာ ထားခဲ့ပြီး ယခု ချက်ချင်း မဝတ်နိုင်တော့တဲ့အထိ ရေများစိုစွတ်နေသည်။ သို့သော် ၎င်း သည် သူမ၏ ဗီရို ရှိ စျေးကြီးသောအဝတ်အစားများထဲမှ တစ်ခုဖြစ်သောကြောင့် ပြန်ယူသွားဖို့ ကောက်ရသေးသည်။
မုရူချင်း၏အသားအရည်သည် နည်းနည်းတိုးတက်လာပြီး မြန့်စန်းယုကို ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်"
ဂျီမိန် က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ "လူတိုင်းလုပ်သင့်တာကို အစ်မက လုပ်ခဲ့ရုံပါ"
ထိုအချိန်တုန်းက မြန့်စန်းယု သည် သူမ အား လက်ပြတ်အင်္ကျီတစ်ထည် ပေးခဲ့သည့် တစ်ဦးတည်းသောလူဖြစ်သည်။ တခြားလူတွေအားလုံး အဝေးကြီးမှာ ရပ်နေခဲ့ကြသည်။ မုရူချင်း သည် ကျိုးကြောင်းဆီလျော်မှုမရှိသော်လည်း လွန်ခဲ့သည့်ရက်များစွာအတွင်း သူမအပေါ် မြန့်စန်းယု၏ဖော်ရွေသောဆက်ဆံမှုကို သူမ သတိရမိသည်။
YOU ARE READING
နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။
RomanceAlternative names:Dsb, 春闺梦里人 Author: 白鹭成双 Genre: Historical, Comedy, Josei, Drama, Shoujo, Romance