[၂၇၉] ဟွေ့ရှောက်ရယ်။

1.5K 322 14
                                    

Arc(12) ဟွေ့ရှောက်ရယ်(၅)။

ရှန်စစ်၏စကားများကိုနားထောင်ပြီးနောက်ထန်အန်းမှာမသင့်တော်ဘူးဟုခံစားလိုက်ရသည်။ သူကမဒမ့်ကိုလိုက်ပိုးနေတာလို့အပြင်လူတွေကိုပြောမယ်။ ဒီလိုအရာမျိုးကအတုလုပ်ရခက်တယ်။ မဒမ်ကအိမ်နီးချင်းတွေပြောတာကြားပြီးတော့အမှန်ထင်သွားရင်ဘယ်လိုလုပ်မလဲ။ သူကသူမကိုတကယ်သဘောကျတာလို့သူမတကယ်ထင်သွားရင်ရော?

ဒါပေမဲ့သူတစ်ခုခုထပ်ပြောရန်ပြင်လိုက်စဥ်လင်ခုံးလုကပုလဲပန်းကျောက်သီဖို့အတွက်ပစ္စည်းများကိုင်လျက်ဆင်းလာသည်။ သူချက်ချင်းစကားမပြောဝံ့တော့ဘဲခပ်သုတ်သုတ်ထွက်သွားလိုက်သည်။

ရှန်စစ်သူပြန်သွားတာမြင်လိုက်ရမှဝှီးချဲကိုလှည့်ကာအခန်းဆီပြန်သွားဖို့လုပ်လိုက်သည်။ လင်ခုံးလုကိုမမြင်ပုံပင်။

"နေအုံး။" လင်ခုံးလုဝှီးချဲကိုလှမ်းဆွဲလိုက်သည်။

ဗန်ပိုင်းယားမှာအလွန်သန်မာလှပြီးသူကဝှီးချဲကိုနေရာမှာတင်ချက်ချင်းရပ်သွားစေသည်။

ရှန်စစ်မှာဘယ်လောက်ကြိုးစားပမ်းစားလှည့်လှည့်လှည့်မရပေ၊ အော်တိုမုဒ်ကိုပင်ဖွင့်မရ။ သူမနေနိုင်ဘဲအံကြိတ်လျက်ခေါင်းလှည့်ကြည့်လိုက်မိသည်။

လင်ခုံးလုမျက်မှောင်ကြုတ်ကာမေးလိုက်သည်။
"အဲ့ဒေးဗစ်ကတကယ်အဆင်ပြေရဲ့လား။"

အဆုံးမှာတော့သူတို့ကပုန်းရှောင်နေတာဖြစ်သည်။ သူထန်အန်း၏သရုပ်မှန်ကိုသိသော်လည်းမသိချင်ယောင်ဆောင်လိုက်သည်။ အဆုံးမှာတော့သူသတိရှိချင်ယောင်ဆောင်ရအုံးမည်ပင်။

ရှန်စစ်မျက်နှာမသိမသာလင်းသွားကာပြောလိုက်သည်။ "ပြဿနာမရှိဘူး။"

"ကောင်းတယ်၊ ဒါပေမဲ့မင်းပိုပြီးသတိချပ်ထားမှရမယ်။"
လင်ခုံးလုမှာပုံမှန်လုပ်ရိုးလုပ်စဥ်အလားသူ့ကိုသတိပေးလိုက်ပြီးနောက် ပုလဲပန်းကျောက်သီသည့်ပစ္စည်းများကိုကောက်ကိုင်ကာပြောလိုက်သည်။
"လာတော့၊ ​ညစာစားပြီးအလုပ်လုပ်ချိန်ရောက်ပြီ။ ငါမင်းကိုဒီညသင်ပေးမယ်၊ ပြီးရင်အိမ်မှာကိုယ့်ဘာသာကိုယ်သီလို့ရတာပေါ့။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now