Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၇)။
လင်ခုံးလုနေ့ဘက်မှာရွှီယန့်ကိုရန်စခဲ့သဖြင့် ညကျရင်တစ်ဖက်လူသူ့ကိုသေချာပေါက်လာရှင်းမည်ဟုခန့်မှန်းမိပေရာ သူအလွန်သတိရှိလို့နေသည်။ သူအိပ်ရာမဝင်ခင် စနစ်ကိုထပ်ခါတလဲလဲပြောလိုက်သည်။
"ဒီညငါ့ကိုယ်စားစောင့်ကြည့်ထားနော်။ လှုပ်ရှားမှုတစ်ခုခုတွေ့တာနဲ့ ငါ့ကိုချက်ချင်းခေါ်လိုက်။"0687: "....." ဒါဆိုမင်းဘာလို့သူ့ကိုရန်စဖို့မင်းအသက်ကိုစွန့်စားချင်ရတာတုန်း?
"မင်းကတစ်ခါမှမချစ်ဖူးတော့နားမလည်ဘူးပဲ။"
လင်ခုံးလုကသူဘာတွေးနေမှန်းခန့်မှန်းမိသွားပုံရကာအဓိပ္ပါယ်ပါပါဆိုလာသည်။0687: "......"
လင်ခုံးလု: "ဘာပဲဖြစ်ဖြစ်ပါ၊ မင်းငါ့ကိုယ်စားစောင့်ကြည့်ပေးထားနော်၊ အထူးသဖြင့်အဲ့နှင်းဆီပန်းအိုးကို။"
ရွှီယန့်ကမနေ့ညကလိုမျိုးသူ့အခန်းထဲကိုတိုက်ရိုက်မလာဘူးဟုသူခန့်မှန်းမိသည်။ ထိုပန်း၏လျို့ဝှက်ချက်ကိုသူသိသွားမှန်းတစ်ဖက်လူသိသွားမှာမကြောက်ဘူးဆိုရင် သူပန်းကိုစတီးအကာနှင့်တကယ်အုပ်ပစ်ချင်မိသည်။ မဟုတ်ဘူး၊ တစ်ခါထဲလွှတ်ပစ်ရမှာ။
"ဒါနဲ့ နှင်းဆီပန်းကဇာတ်လိုက်ကြောင့်ပွင့်လာတာဆိုတဲ့မင်းပြောစကားကဘာကိုဆိုလိုတာလဲ။"
သူစနစ်ကိုထပ်မေးလိုက်မိသည်။"သူ့ဘာသာသူပွင့်လာတာလို့ဆိုလိုတာ။"
0687ကရှင်းပြသည်။
"သူကမိစ္ဆာနတ်ဘုရားမဟုတ်လား။ သူ့ခန္ဓာကိုယ်ကနွယ်ပင်ဖြစ်မဲ့ပုံပဲ၊ ပန်းမျိုးစုံပွင့်နိုင်ပြီးတော့သန်မာတဲ့ပြုပြင်နိုင်စွမ်းနဲ့မျိုးပွားစွမ်းရည်ရှိတယ်။ ပန်းအိုးထဲကအကိုင်းကသူ့ခန္ဓာကိုယ်ကဖြတ်ထားတာ။"လင်ခုံးလု: "....." တကယ်ထူးဆန်းချက်ပဲ။
သူဒီလောက်စွမ်းအားကြီးနေမှတော့ သူ့မျက်နှာနှင့်ခန္ဓာကိုယ်ကအမာရွတ်ကိုဘာလို့မပြင်တာလဲ။
သူဗလာကျင်းစွာတွေးရင်း မျက်စိမှိတ်လိုက်သည်။
ပြီးတော့သူအိပ်ပျော်သွားသည်နှင့် ပန်းအိုးထဲကနှင်းဆီပန်းလေးမှာရုတ်ခြည်းယိမ်းသွားပြီး အကိုင်းအခက်များလျင်မြန်စွာကြီးထွားလာသည်။ မနေ့ညတုန်းကလိုမျိုးပင်၊ ၎င်းတို့ကအသိစိတ်ရှိသည့်အလားခပ်မြန်မြန်ဆန့်ထွက်လာပြီး ကော်ဇောကိုတွားသွားဖြတ်ကျော်ကာ အိပ်ရာပေါ်တက်လာသည်။
![](https://img.wattpad.com/cover/360969291-288-k782291.jpg)
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
AcciónArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့