Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၆)။
လင်ခုံးလုမှာဟော့ရှီစစ်ကသူ့ကိုလျစ်လျူရှူထားတာမြင်တော့ မျက်နှာဖုံးကိုချွတ်ပြီး ကုသရေးကုတင်ဆီလျှောက်သွားကာ ခါးကိုင်းပြီးဆက်ပြောလိုက်သည်။
"မင်းသဘောကျတဲ့လူကဘယ်သူလဲ။ သူကကိုယ်တော့်လောက်ချောလို့လား။"သူသူ၏လှပသောမျက်ဝန်းတစ်စုံကိုကျယ်ကျယ်ဖွင့်ပြီးပြောလိုက်ရင်း ဦးမျှင်နှင့်ဟော့ရှီစစ်၏မျက်တောင်များကိုတမင်ယားအောင်လုပ်ကာတွေးလိုက်မိသည်: ငါမယုံဘူး။ မင်းဘေးမှာငါစပိုင်လုပ်တုန်းက ဟဲ့ရှောင်းနဲ့ဝမ်းဟောင်ယွိကလွဲပြီးတော့မင်းအနားကိုလူတစ်ယောက်မှကပ်လာတာမတွေ့ဖူးဘူး။
ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိကတော့သေချာပေါက်မဖြစ်နိုင်ဘူး။ ဟဲ့ရှောင်းမှာချစ်သူရှိတယ်။ ဝမ်းဟောင်ယွိကတော့ အဲ့ကောင်လေးကသူ့ကိုမြင်ရင်ရှက်သွေးဖြာတတ်ပေမဲ့ဟော့ရှီစစ်ကိုမြင်ရင်တော့မဖြစ်ဘူး။
ဒါဆို....မင်းပြောတဲ့တစ်ယောက်ကငါတော့မဟုတ်ဘူးမလား။
ဒါပေမဲ့မဖြစ်နိုင်ဘူး။ အဲ့တုန်းကသူတစ်ဖက်လူကိုထိခိုက်မှုအများကြီးဖြစ်စေခဲ့တာ။ တစ်ဖက်လူဇာ့ဂျ်ဖမ်းတာခံရတာသူ့စနက်ပါတယ်လို့ပြောလို့ရတယ်။
သူတွေးနေစဥ်ဟော့ရှီစစ်ကရုတ်ခြည်းမျက်လုံးဖွင့်ကြည့်လာတော့လင်ခုံးလု၏မျက်နှာထားအေးခဲသွားသည်။
ဟော့ရှီစစ်မှာအစကသူ့ကိုအာရုံမစိုက်ချင်ပေမဲ့သူ့မျက်တောင်မွှေးများမသိမသာယားကျိကျိဖြစ်သွားတော့ဖွင့်ကြည့်လိုက်မိပြီးနောက် သူအပြုံးမျက်ဝန်းတစ်စုံနှင့်ဆုံလေသည်။
ဟော့ရှီစစ်မသိမသာတောင့်ခဲသွားရကာ ချောင်းအာကိုတွေးမိသွားသည်။
ဒါပေမဲ့ဒီအခိုက်အတန့်ကသူတို့မျက်ဝန်းထဲကအကြည့်ကလွဲရင် ဇာ့ဂျ်ဘုရင်မနှင့်ချောင်းအာကြားမှာဆင်တူမှုလုံးဝရှိမနေဘူး။ ပြီးတော့ချောင်းအာကိုဇာ့ဂျ်ကဆွဲသွားတာ....
ဟော့ရှီစစ်၏နှလုံးသားတင်းကြပ်သွားရကာ မျက်စိတစ်မှိတ်အတွင်းသူ့စိတ်ထဲမှာအတွေးတစ်ခုရုတ်တရက်ဖျတ်ခနဲပေါ်လာသည်။
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
БоевикArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့