[၃၀၁] ဟွေ့ရှောက်ရယ်။

1.5K 252 6
                                    

Arc(12) ဟွေ့ရှောက်ရယ်(၂၇)။

လင်ခုံးလုကရှန်စစ်ကိုသံသယမဝင်ဘဲသူ့ကိုရှင်းပင်ရှင်းပြလိုက်သေးသည်။
"ငါယဥ်ပါးအောင်လုပ်ခဲ့တဲ့လင်းနို့လေးတစ်ကောင်ပါ။ သူကငါ့ကိုသယ်ပို့ဖို့ကူညီပေးတယ်လေ။ လူသားတွေရဲ့မျက်လုံးထဲမှာတော့ဝိညာဥ်တစ်ခုလို့ယူဆကြမှာပဲ။" ရှန်စစ်အံ့သြချင်ယောင်ဆောင်လျက်တိတ်တိတ်လေးစမ်းသပ်လိုက်သည်။
"ဒါဆိုခင်ဗျားဘာလုပ်ခိုင်းထားတာလဲ။"

လင်ခုံးလုကူကယ်ကာမဲ့စွာပြောလိုက်မိသည်။
"ငါအခြားကောင်လေးတွေကိုသူတို့ကိုကူရှာခိုင်းထားတယ်၊ အဲ့နှစ်ကောင်အပျော်တမ်းပျောက်သွားတာလားဆိုတာကြည့်ဖို့လေ။ ဒါနဲ့အိုင်ဗန်ကလည်းငါ့ကိုကူရှာပေးနေတာ။"

ထိုသို့ပြောပြီးနောက်ရှန်စစ်၏မျက်နှာထားမသိမသာမိန်းမောနေတာမြင်လိုက်ရတော့သူရှင်းပြလိုက်မိသည်။
"အခြားကောင်လေးတွေကလည်းငါယဥ်ပါးအောင်လုပ်ထားတဲ့လင်းနို့လေးတွေပဲ၊ ဒါပေမဲ့စိတ်မပူပါနဲ့၊ သူတို့အကုန်လုံးကိုကွာရန်တင်းလုပ်ထားခဲ့တာ။ သူတို့ကစကားပြောနိုင်တယ်၊ အိုင်ကျူကလူသားတွေနဲ့တူတူပဲ၊ ပြီးတော့သူတို့ကလူတွေကိုမကိုက်တတ်ဘူး။"

"အော်။" ရှန်စစ်ခေါင်းအသာငြိမ့်လိုက်ပေမဲ့ရင်ထဲမှာတွေးလိုက်မိသည်: အခြားညီလေးတွေရှိသေးတယ်လား။ ဘယ်လိုဖမ်းရမလဲ။ တစ်ယောက်ယောက်ကသူ့ကိုကာကွယ်ပေးဖို့ထပ်လွှတ်လာခဲ့ရင်..မဟုတ်သေးဘူး၊ ဖမ်းဖို့မလိုအပ်ဘူး။

ရှန်စစ်မှာထက်ရှသောစိတ်ဓာတ်ရှိကာခပ်မြန်မြန်တွေးလိုက်မိသည်: အဲ့လင်းနို့လေးတွေကသယ်ပို့တာကိုကူပေးနိုင်တယ်လို့ရှောင်လုပြောသွားတယ်မဟုတ်လား။ သူတို့ကို....ရှောင်လုdeliveryပို့တာကိုကူခိုင်းလိုက်တာပိုကောင်းတယ်။

သူစုံစမ်းကြည့်ပြီးလို့လင်ခုံးလုအလုပ်လုပ်တဲ့deliveryကုမ္ပဏီကလူသားမဟုတ်တဲ့သက်ရှိတွေအတွက်လုပ်ထားမှန်းသိပြီးပြီ။ လင်းနို့တွေလိုက်ပို့ပေးလို့ရှိရင်လူတွေကိုခြောက်မိမှာမဟုတ်ဘူး။
လင်းနို့သာdeliveryသွားပို့မယ်ဆိုသူ့ကိုခိုးနားထောင်နိုင်မှာမဟုတ်တော့ဘူး။ လင်ခုံးလုလည်းပိုက်ဆံရှာနိုင်ပြီးတော့သူနဲ့အတူအချိန်ဖြုန်းနိုင်မှာဆိုတော့ခဲတစ်လုံးနဲ့ငှက်သုံးကောင်ပစ်လိုက်တာပဲ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now