Arc(12) ဟွေ့ရှောက်ရယ်(၁၃)။
ရှန်စစ်တစ်ညလုံးမိန်းမောနေမိသည်။ နောက်တစ်နေ့သူ့မျက်လုံးအောက်မှာမျက်ကွင်းနက်များနှင့် ဘေးအိမ်ကအန်တွန်လေးကိုစာသွားပြပေးချိန်မှာကွန်ပျူတာကိုမြင်ပြီးထိုအဖြစ်အပျက်ကိုသတိရသွားရပြန်သည်။
သူမနေနိုင်ဘဲကိုယ့်ကိုယ်ကိုရွံရှာသွားရကာရင်ထဲမှာသူ့ကိုယ်သူတိတ်တခိုးဆူပူလိုက်မိသည်။ သူဘာလို့ဒီကိစ္စကိုဆက်တိုက်စဥ်းစားနေမိမှန်းမသိဘူး။ တကယ်....မယဥ်ကျေးရာရောက်တယ်။
ဒါပေမဲ့သူတကယ်ပြဿနာအဖြေကိုရှာတွေ့သွားခဲ့ရင်....
ရှန်စစ်တုံ့ဆိုင်းသွားရသည်။ တစ်အောင့်ကြာရုန်းကန်နေမိပြီးမှတိတ်တခိုးကွန်ပျူတာပေါ်မှာစစ်ဆေးကြည့်မိတော့ဘီလူးမမဟုတ်ရင်အတုဖြစ်နိုင်ကြောင်းနောက်ဆုံးမှာသိလိုက်ရသည်။
ထို့နောက်သူသေချာတွေးကြည့်မိတော့ ဖိမိတုန်းကပုံပျက်သွားတာ၊ ရေချိုးပြီးမှပြန်ကောင်းသွားတာဆိုတော့....အတုဖြစ်နေမလား။
ဒါပေမဲ့အတုသာဆိုရင်ဂျနီဖာအတုက....မိန်းမတစ်ယောက်မဟုတ်ဘူးပေါ့?
ရှန်စစ်မှာမယုံကြည်နိုင်သည့်အလားရုတ်တရက်လက်သီးတင်းတင်းဆုပ်လိုက်မိပေမဲ့သူစိတ်ထဲမထည့်ခဲ့မိပေမဲ့အခုမူမမှန်ဘူးဟုယူဆရသောမြင်ကွင်းတချို့ကိုစိတ်ထဲမှာပြန်တွေးလိုက်မိသည်-
ဥပမာဂျနီဖာအတုရဲ့ဆံပင်စတိုင်ကမပြောင်းလဲသလောက်ပင်၊ "သူမ"ခေါင်းလျှော်တာကိုမမြင်မိသလိုပဲ။ ဥပမာတစ်ဖက်လူကအမြဲတမ်းလည်ဆွဲဝတ်လေ့ရှိပေမဲ့"သူမ"လည်ပင်းတစ်ခုလုံးဖော်တာမြင်ရတာရှားတယ်။ ဥပမာတစ်ဖက်လူဒေါက်မြင့်ဖိနပ်ဝတ်ထားချိန်မှာထူးထူးဆန်းဆန်းလမ်းလျှောက်တတ်တယ်။
အတိတ်မှာတုန်းကတစ်ဖက်လူဟာမသိမ်မွေ့ပေမဲ့"သူမ"ကစားသောက်ချိန်မှာအလွန်ကျက်သရေရှိစွာလှုပ်ရှားတာမို့ ဒေါက်မြင့်ဖိနပ်စီးရတာကျင့်သားမရဘူးဟုသာရှန့်စစ်ထင်ခဲ့မိသည်။
ပြီးတော့မနေ့ကတစ်ဖက်လူကအမျိုးသားသန့်စင်ခန်းဆီအရမ်းကိုသဘာဝကျကျလျှောက်သွားတာ...
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
AcciónArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့