[၂၆၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။

2.2K 457 12
                                    

Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၁၃)။

လင်ခုံးလုဇဝေဇဝါဖြစ်သွားရသည်။ "မသက်သာလောက်ဘူး။"ဆိုတာကဘာကိုပြောတာလဲ။

သူတွေးလို့မပြီးသေးခင် ယန်းချီစစ်ကရုတ်တရက်သူ့ကိုပစ်လှဲချကာ သူ့လက်ကောက်ဝတ်များကိုအေးစက်စက်ကျောက်နံရံပေါ်ဖိကပ်ပြီး သူ၏နားရွက်များမှာပူနွေးနွေးအသက်ရှုငွေ့ကိုခံစားလိုက်ရသည်။

လင်ခုံးလုစိတ်တဝီဝီမြည်လာကာဗလာကျင်းသွားသည်။

ယန်းချီစစ်ကပြင်းထန်စွာအသက်ရှုနေပြီး သူ့နှဖူးမှာချွေးနှင့်ရွှဲရွှဲစိုနေကာ သူ၏ထူထဲသောကျီးကန်းမျက်တောင်မွှေးများမှာလည်းချွေးစိုနေပေမဲ့ သူ့မျက်လုံးများကတော့စိတ်လွတ်နေသည့်အလားဦးတည်ရာမဲ့နေလေသည်။

သူခေါင်းဖြည်းဖြည်းငုံ့ကာလင်ခုံးလုကိုနမ်းတော့မည့်အချိန်မှ လင်ခုံးလုအသိပြန်ဝင်လာကာအလိုလိုခေါင်းလှည့်ရှောင်လိုက်မိသည်။

နွေးထွေးမှုကသူ့ပါးပြင်ကိုဖြတ်ပွတ်သွားကာလင်ခုံးလု၏နားရွက်များမှာပူပြင်းလျက်သူထစ်ထစ်အအပြောလိုက်မိသည်။ "ရှစ်တိ၊ မင်း....."

ယန်းချီစစ်မှာလိပ်ပြာလွင့်မတတ်ရှော့ခ်ရသွားပုံပင်။ သူရုတ်တရက်သူ့ကိုလွှတ်ပေးကာသူ့ကိုတွန်းဖယ်လိုက်မိသည်။

သူကျောက်နံရံကိုကျောမှီကာမျက်စိတင်းတင်းမှိတ်လိုက်မိပြီး သူ့မျက်နှာထားမှာနာကျင်ကာသူ့အသံမှာအက်ရှလာသည်။ သူကတစ်လုံးချင်းစီဖျစ်ညှစ်ပြောလာသည်။
"မင်းငါနဲ့ဝေးဝေးနေ...."

ဒီအချိန်မှာလင်ခုံးလုဘယ်လောက်တုံးအတုံးအ သူတစ်ခုခုဖြစ်နေမှန်းမြင်နိုင်သည်။ သူဟာသိသိသာသာကိုဆေးတစ်မျိုး၏လွှမ်းမိုးမှုအောက်မှာရှိနေခြင်းပင်။

သို့သော်သူတို့မြေအောက်လောကကိုပြုတ်ကျလာပြီးနောက်ပိုင်း သူတို့ဘာမှမလုပ်ဘဲလမ်းတောက်လျှောက်မကောင်းဆိုးဝါးမိစ္ဆာများကိုသာသတ်ဖြတ်ခဲ့သည်။ ရှစ်တိကဘယ်လိုလုပ်ပြီး.....သူခုနကဆေးမှားကျွေးလိုက်တာတော့မဖြစ်နိုင်ဘူး။

သိတဲ့အတိုင်းသူ့မှော်လက်စွပ်ထဲမှာဒီလိုဆေးလုံးမျိုးမရှိသဖြင့်ဆေးလုံးမှားပေးလိုက်သည့်ဖြစ်နိုင်ချေမရှိပေ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now