Arc(12) ဟွေ့ရှောက်ရယ်(၂၁)။
စရံငွေပေးပြီးနောက်လင်ခုံးလုထရပ်ကာလငကာရှန်စစ်နှင့်အတူထွက်လာလိုက်ပြီး ဘားနက်နှင့်အခြားသူများကသူတို့ကိုဗီလာတံခါးဝဆီကိုယ်တိုင်လိုက်ပို့သည်။
အနက်ရောင်ကားကလေထန်သောတောင်လမ်းပေါ်မှာပျောက်ကွယ်သွားတာကိုရပ်ကြည့်နေရင်း ဘားနက်မှာမနေနိုင်ဘဲသက်ပြင်းချကာစိတ်ပူတကြီးဆိုမိသည်။
"Kမြို့တော်မှာဒီလိုစွမ်းအားကြီးဗန်ပိုင်းယားတစ်ကောင်ရှိနေတာ၊ Eနိုင်ငံတစ်ခုလုံးမှာသူ့ကိုယှဥ်နိုင်တဲ့သဘာဝလွန်စွမ်းအားရှင်တစ်ယောက်မှမရှိမှာစိုးတယ်။"သဘာဝလွန်စွမ်းအားရှင်တင်မဟုတ်ဘူး၊ လူသားမဟုတ်တဲ့သက်ရှိအနည်းစုကသာသူ့ပြိုင်ဘက်ဖြစ်နိုင်သည်။
ပိုဆိုးတာကတစ်ဖက်လူဟာနှစ်ထောင်ချီကြာချိပ်ပိတ်ခံထားရပြီးငြိမ်းချမ်းသောစေ့စပ်ညှိနှိုင်းရေးအချိန်ကာလကိုလုံးဝမတွေ့ကြုံခဲ့တာမို့ သူတို့လူသားမဟုတ်တဲ့သက်ရှိများနှင့်လက်မှတ်ရေးထိုးခဲ့တဲ့ငြိမ်းချမ်းရေးစာချုပ်ကိုအတည်မယူလောက်။
"ငါတို့အစိုးရကိုအရင်အကူအညီတောင်းကြည့်မလား။ သူ့မှာမကောင်းတဲ့ရည်မှန်းချက်တစ်ခုခုရှိတာ၊ ချိပ်ပိတ်ခံထားခဲ့ရလို့လက်စားချေချင်တာမျိုးရှိရင် ငါတို့တွေသူတို့မတားနိုင်လောက်ဘူး။"
သူ့ဘေးကစုန်းထီးမှာစိတ်ပူသွားရသည်။ဗီဗာလီကသူမကိုဖန်လုံးကြည့်တာပြီးအောင်ထောက်ကူပေးခဲ့တဲ့လင်ခုံးလု၏စွမ်းအားကိုတွေးမိသေးသည့်အလားလက်ချောင်းထိပ်များပွတ်သပ်လို့နေသည်။ ဒါကိုကြားတော့သူမကမျက်လွှာချကာ-
"ကျွန်မတော့အဲ့လိုမထင်ဘူး၊ သူက...နွေးထွေးတဲ့ဗန်ပိုင်းယားတစ်ကောင်ပဲ။"ဒါကိုကြားတော့စုန်းထီးမျက်နှာပေါ်မှာ???များဖြစ်ပေါ်လာသည်။ ဗန်ပိုင်းယားတွေအကုန်လုံးကသွေးအေးသတ္တဝါတွေမဟုတ်ဘူးလား။
ဒါကအမှန်ပင်။ ဗန်ပိုင်းယားများ၏ကိုယ်အပူချိန်ဟာပုံမှန်လူသားများအောက်နိမ့်ပြီး ရေခဲတမျှအေးစက်လှသည်။
ဗီဗာလီကအပြုံးလေးနှင့်ခေါင်းခါကာဆိုလာသည်။
"သူ့စွမ်းအားကိုပြောတာ။ စွမ်းအားတစ်စိတ်တစ်ပိုင်းကနွေးထွေးသန့်ရှင်းပြီးတော့မှောင်မိုက်တဲ့အငွေ့အသက်မရှိဘူး။"
![](https://img.wattpad.com/cover/360969291-288-k782291.jpg)
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
AçãoArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့