[၂၅၇] ရှစ်တိကနဂါးတစ်ကောင်ပဲ။

2.2K 408 8
                                    

Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၉)။

ယန်းချီစစ်၏နှလုံးအခုန်ပိုမြန်လာပြီး သူ့အတွေးများမှာအရင်ကထက်ပိုမိုဇဝေဇဝါဖြစ်သွားသည်။

လင်ရှစ်ရှုန်းကသူ့လည်တိုင်ကိုဖက်ထားတုန်းဖြစ်ပြီး နွေးထွေးသောဝင်လေထွက်လေကသူ့နားရွက်များဘေးမှာရှိနေကာသူ့နားရွက်များကိုပူနွေးသွားစေပြီး ဆေးရှိန်မှာထပ်မံထကြွလာပုံပင်။

အဲ့သောက်မြေခွေးကတော့!

ယန်းချီစစ်တင်းမာသွားရကာအရာအားလုံးကိုဆေးပေါ်အပြစ်တင်မိလျက် မနေ့ကမြေ​ခွေးဟူကျို့မင်ကိုအလွတ်ပေးလိုက်မိတာကိုပင်နောင်တရသွားသည်။

လင်ခုံးလုကဝန်ခံမှုကိုစောင့်မနေဘဲသူနှင့်ခပ်ခွာခွာနေလိုက်ကာသံသယနှင့်မေးလိုက်သည်။
"မင်းဘာလို့ဘာမှမပြောတာလဲ။"

ထိုသို့ပြောပြီးနောက်သူအနည်းငယ်မူးသွားပုံရကာသူ့နှဖူးကိုယန်းချီစစ်၏မျက်နှာဘေးမှာထိကပ်လာသည်။

ယန်းချီစစ်အသက်ရှုအောင့်လိုက်မိပြီး သူ၏မသိမသာနွေးထွေးသောဝင်လေထွက်လေကိုခံစားမိလျက် ဒီရှစ်ရှုန်းကတောင်ကြားထဲကမိစ္ဆာထက်အန္တရာယ်ပိုများသည်ဟုခံစားလိုက်ရသည်။

သူပင့်သက်ရှိုက်ကာသူ့စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်ရပြီး လက်ဆန့်ကာတောင့်တင်းစွာတွန်းဖယ်ပြီးတည်ငြိမ်စွာပြောလိုက်သည်။
"ရှစ်ရှုန်းမူးနေပြီ။"

သို့သော်လည်းလင်ခုံးလုကသူ့ကိုတွယ်ကပ်လျက်ဝန်ခံရန်ငြင်းဆန်လာသည်။ "ငါမမူးဘူး။"

ထို့နောက်သူဟမ့်ခနဲလုပ်ကာမေးလိုက်သည်။
"ငါမင်းကိုအခွင့်အရေးပေးနေတာကိုဘာလို့မယူတာတုန်း?"

"အမူးသမားတွေကမူးတယ်လို့မပြောဘူး။" ယန်းချီစစ်မျက်မှောင်ကြုတ်လိုက်မိပြီးသူမလွှတ်ပေးတာမြင်တော့ပိုပြင်းပြင်းတွန်းဖယ်လိုက်သည်။

လင်ခုံးလုက"အို့"ခနဲဆိုကာသူ့ဝမ်းဗိုက်ကိုအလျင်စလိုအုပ်ပြီးပြောလိုက်သည်။
"မတွန်းနဲ့လေ၊ ငါအန်မိတော့မယ်။"

ယန်းချီစစ်တောင့်ခဲသွားကာသူ့လက်ကိုမြန်မြန်ပြန်ရုတ်လိုက်မိသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now