[၂၇၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။

2.1K 345 2
                                    

Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၂၂)။

ချီလင်မှာယန်းချီစစ်ဘက်ကအခြေအနေကိုသတိထားမိသွားပြီး လူတိုင်းအထဲဝင်သွားကာသူတို့အုပ်စုပဲကျန်ခဲ့မှန်းမြင်လိုက်ရသည်။ သူမနေနိုင်ဘဲလျှောက်သွားကာနားချလိုက်မိသည်။
"အတူဝင်လိုက်တာပေါ့ကွာ။ ကျီးဇိုင်ရဲ့ကျင့်စဥ်ကအားနည်းပေမဲ့သူကမြန်မြန်ပြေးနိုင်တော့ပြဿနာမရှိလောက်ပါဘူး။"

လင်ခုံးလုမှာသူ့စကား၏ပထမတစ်ဝက်ကိုကြားတော့သဘောတူခေါင်းငြိမ့်လိုက်မိပေမဲ့ဒုတိယတစ်ဝက်ကိုကြားလိုက်ရချိန်မှာတော့သူသူ့ကိုတောင်ပံနှင့်ဖြတ်ရိုက်ချင်သွားသည်။

ယန်းချီစစ်မှာလင်ခုံးလုငှက်အသွင်ပြောင်းပြီးအထဲဝင်ချင်မှန်းမြင်လိုက်ရတော့သူသူ့ကိုတားမရမှန်းသိလိုက်သထြင့်လက်ဆန့်ကာသူ့ကိုလှမ်းဆွဲပြီး သူ့ဝတ်ရုံလက်ထဲသေချာထိုးထည့်လိုက်ပြီးမှပြောလိုက်သည်။ "သွားမယ်။"

လင်ခုံးလု: "?"

သူခပ်ပြင်းပြင်းတိုးလိုက်တော့နောက်ဆုံးမှာခေါင်းထွက်လို့ရသွားသည်။ သူ့မျက်လုံးများလည်နေပြီး သူအသိပြန်ဝင်လာချိန်မှာတော့သူဟာလျို့ဝှက်နယ်မြေထဲရောက်နေပြီပင်။

သူတို့ရှေ့ကမြင်ကွင်းမှာခြုံပုတ်၊ ပန်းပင်နှင့်ငှက်များဝေဆာနေပြီး ပတ်ပတ်လည်ကစိတ်စွမ်းအားမှာပေါများလွန်းလို့မြူစက်များအဖြစ်ငွေ့ရည်ဖွဲ့သွားပုံပင်။ ပင့်သက်ရှိုက်လိုက်သည်နှင့် အကြောအချဥ်များပြေသွားသည့်အလား စိတ်ပြေလျော့ကာပျော်ရွှင်စေနိုင်သည်။

ဒီနယ်မြေမှာနတ်ဘုရားနှင့်မိစ္ဆာများကြားရှိရှေးဟောင်းစစ်ပွဲမဖြစ်ပွားစဥ်ကမသေမျိုးလောကမှာတည်ရှိခဲ့သည့်စိတ်ဝိညာဥ်နယ်မြေဖြစ်သည်။

ထိုနှစ်ကစစ်ပွဲအပြီးမှာနယ်ပယ်လေးခုလုံးပျက်စီးသွားပြီး မသေမျိုးနှင့်ကောင်းကင်ဘုံနယ်မြေကိုသွားရာလမ်းကြောင်းများပိတ်သွားသည်။ သို့သော်လည်းစိတ်ဝိညာဥ်နယ်မြေမှာအရင်အတိုင်းရှိနေတုန်းပင်။ ၎င်းကိုမသေမျိုး၊ နတ်ဘုရားနှင့်သူတော်စင်များအနာဂတ်ကျင့်ကြံသူမျိုးဆက်အတွက်ချန်ရစ်ခဲ့သည့်မျှော်လင့်ချက်အရိပ်အယောင်အဖြစ်သတ်မှတ်လို့ရသဖြင့် ရှေးဟောင်းလျို့ဝှက်နယ်မြေဟုခေါ်ဆိုခဲ့သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now