[၂၆၉] ရှစ်တိကနဂါးတစ်ကောင်ပဲ။

2.2K 392 2
                                    

Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၂၁)။

ယန်းချီစစ်သူ၏အတွင်းစိတ်မိစ္ဆာကိုရှင်းထုတ်ပြီးနောက် ဝင်လေထွက်လေမှတ်ကာစိတ်ငြိမ်အောင်လုပ်ပြီးမှအပြည့်အဝပုံမှန်ပြန်ဖြစ်သွားသည်။

ချီလင်ကယပ်တောင်တဖျတ်ဖျတ်ခတ်လျက်ရောက်လာကာမေးလာသည်။
"ခုနကအနက်ရောင်အငွေ့ကဘာကြီးလဲ။ မင်းဝင်ပူးခံထားရတာလား။"

ယန်းချီစစ်ခေါင်းအသာငြိမ့်လိုက်မိပြီး လင်ခုံးလုသူ့ခေါင်းပေါ်ပြန်ပျံလာချိန်မှာတောင့်ခဲသွားရပြန်ကာ တစ်ဖက်လူပြုတ်ကျသွားမှာစိတ်ပူသွားသည်။

သူ့မှာအပိုစိုးရိမ်သောကတစ်ခုမှမရှိတော့မှန်းမြင်လိုက်ရတော့ချီလင်မှာရွေးချယ်စရာမရှိဘဲလင်ခုံးလုကိုကြည့်လိုက်မိတော့လင်ခုံးလုကအခြေအနေကိုရှင်းပြလာသည်။

ဒါကိုကြားလိုက်ရပြီးနောက်ချီလင်မှာမနေနိုင်ဘဲပျော်ရွှင်မိသွားသည်။
"ကံကောင်းချင်တော့ဝိညာဉ်အကြွင်းအကျန်တစ်ခုဖြစ်နေတာပဲ။ ငါကြားမိတာကတော့ မိစ္ဆာဘုရင်အထွတ်အထိပ်ရောက်နေတုန်းကနဂါးဘုရင်ကသူ့ကိုနဂါးဝိညာဉ်ဓားနဲ့အပြတ်မရှင်းနိုင်ခဲ့ဘူးတဲ့။ ဒါပေမဲ့သူလော့စိတ်ထဲကျူးကျော်လာတုန်းကသာသူ့မှာခွန်အားနည်းနည်းလောက်ပိုရှိနေသေးရင် အခုဆိုနိချိုးကအပြည့်အဝဝင်ပူးခံလိုက်ရလောက်တဲ့အပြင်ကျီးဇိုင်လည်းဝင်ပူးခံထားရတဲ့နိချိုးကြောင့်ကြက်ကင်အလုပ်ခံရလောက်ပြီ။"

ဒါကိုပြောရင်းသူသက်ပြင်းချလိုက်မိသည်။
"ငါသာနောက်ကျမှသိခဲ့ရင်နီးကပ်တဲ့မိတ်ဆွေနှစ်ယောက်ကိုဆုံးရှုံးလိုက်ရမှာပဲ၊ အိုင်း အိုင်း။"

ယန်းချီစစ်နှင့်လင်ခုံးလု: "...." ဒီကောင်ကတကယ့်ခွေးမိစ္ဆာဖြစ်သင့်တာ။

ခွေးတွေကဟောင််တယ်လေ။

ဟူကျို့မင်မှာ"ကြက်ကင်"ဆိုသည့်စကားလုံးကိုကြားလိုက်ရတော့သူ၏အရသာခံဖုများထကြွလာကာသူ့လက်ချောင်းထိပ်များယားကျိကျိဖြစ်လာသည်။

သူ့ရှေ့မှာလက်ဝါးတစ်ဖက်စာဇာမဏိတစ်ကောင်ပဲရှိနေတော့စားလို့မရတာစိတ်မကောင်းစရာပဲ။ စားလို့ရရင်တောင်သွားကြားတောင်ညှပ်မှာမဟုတ်ဘူးရယ်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now