[၃၀၃] ဟွေ့ရှောက်ရယ်။

1.2K 230 1
                                    

Arc(12) ဟွေ့ရှောက်ရယ်(၂၉)။

ကြေငြာချက်ကိုကြားတော့လင်ခုံးလု၏မျက်လုံးများကွေးတက်သွားကာဘက်မြှောက်ပြီးရှန်စစ်ကိုသိုင်းဖက်ကာသူ့ကိုနှုတ်ခမ်းပါးများနှင့်တုံ့ပြန်နမ်းလိုက်သည်။

လေထုမှာအပူတက်လာပုံရကာလှောင်ချိုင့်ထဲကလင်းနို့နက်လေးမှာရုတ်တရက်ကြည့်ဖို့ရှက်သွားသည်။

အချိန်ဘယ်လောက်ကြာသွားမှန်းမသိ၊ သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်လွှတ်ပေးလိုက်ကြပြီးသူတို့၏အသက်ရှူနှန်းမှာအနည်းငယ်မငြိမ်မသက်ဖြစ်လို့နေသည်။

ရှန်စစ်မှာအကြာကြီးမသိမသာမောဟိုက်နေပြီးမှတည်ငြိမ်သွားသည်။ သူလင်ခုံးလုကိုထပ်ကြည့်မိတော့သူ့မျက်လုံးများမှာမနေနိုင်ဘဲနူးညံ့သွားရကာအနားကပ်သွားမိပြီးတစ်ဖက်လူ၏နှုတ်ခမ်းကိုခပ်ဖွဖွနမ်းကာအက်ရှကာချွဲပျစ်သောလေသံနှင့်ပြောလိုက်သည်။
"ရှောင်လု ကျွန်တော်အရမ်းပျော်တယ်။ ကျွန်တော်တကယ်....အရမ်း အရမ်းပျော်တယ်။"

သူဟာတိမ်ပေါ်မှာမျောလွင့်နေပုံရကာသူ့ရင်ထဲမှာပြည့်နေသည့်ပျော်ရွှင်သောခံစားချက်မှာစကားလုံးများထက်ကျော်လွန်သည်။

ခဏကြာနမ်းပြီးနော​က်သူမနေနိုင်ဘဲလင်ခုံးလုကိုတင်းတင်းဖက်လိုက်မိပြန်ကာတင်းလွန်းလို့တစ်ဖက်လူကိုသူ့အရိုးနှင့်သွေးသားထဲထည့်ပစ်တော့မည့်အလား။

လင်ခုံးလုသူဖက်တာခံလိုက်ရမှအသိပြန်ဝင်လာသည်။ သူလုံးဝစိတ်ငြိမ်သွားပြီးနောက်မှသူ့ကိုလွှတ်ပေးကာတွန်းဖယ်ပြီးမေးလိုက်သည်။
"မင်းပျော်လား။"

ရှန်စစ်ကခေါင်းငြိမ့်ပြကာသူ့လက်ကိုကိုင်ထားတုန်းဖြစ်ပြီးသူ့ကိုချစ်ခြင်းမေတ္တာနှင့်ကြည့်ရင်းနူးညံ့စွာဆိုလာသည်။
"ခင်ဗျားလည်းကျွန်တော့်ကိုသဘောကျမယ်လို့မထင်ထားမိဘူး၊ ရှောင်လု ကျွန်တော်...."

"မင်းပျော်လား။" လင်ခုံးလုအပြုံးလေးနှင့်ပြောလိုက်သည်။

ရှန်စစ်: "....."

သူအကြောင်းရင်းကိုမသိသော်လည်းသူ၏ထက်ရှသောအန္တရာယ်ခံစားသိမြင်ပုံကလင်ခုံးလုဒေါသထွက်နေပုံရမှန်းသူ့ကိုသဘောပေါက်သွားစေသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now