[၂၉၈] ဟွေ့ရှောက်ရယ်။

1.9K 339 2
                                    

Arc(12) ဟွေ့ရှောက်ရယ်(၂၄)။

အိုင်ဗန်နောက်ဆုံးမှာပုလဲပန်းကျောက်များကိုယူသွားတော့သည်။ ဘာပဲဖြစ်ဖြစ် သူပုလဲပန်းကျောင်းရောင်းတာကနေ၂၀%ရနေကျဆိုတော့အခုလည်းဘာမှမကွာသွားဘူးလေ။ သူအပို၅၀%ရနိုင်ခဲ့ပေမဲ့အခုမရတော့တာစိတ်မကောင်းစရာပဲ။

အမှန်တော့ရှန်စစ်မှာအိုင်ဗန်ကိုပုလဲပန်းကျောက်တောင်မရောင်းချင်။

ဒါတွေကိုသူကိုယ်တိုင်သီထားတာ၊ လင်ခုံးလုအစွမ်းနဲ့ထွင်းထားတဲ့မန္တာန်လည်းရှိသေးတယ်။ သူတို့အတူလုပ်ပြီးပြီးအောင်လုပ်ခဲ့တာမို့ရောင်းပစ်လိုက်တာနှမြောစရာပဲ။

သို့သော်လည်းပုလဲပန်းကျောက်ရောင်းပြီးနောက်သူကြိုးစားလုပ်ရမယ်။ လင်းနို့လေးက၇၀%အ​​မြတ်ရပြီးတော့ အိုင်ဗန်ကအမြတ်၂ဝ%ရပြီး သူ့ကိုတော့အမြတ်၁၀%ပဲပေးတယ်....

စီးပွားရေးလုပ်ငန်းရှင်၏သားဖြစ်သူရှန်စစ်မှာစွန့်စားလိုက်တာပဲဟုခံစားလိုက်ရသည်။

ဒီတော့ပုလဲပန်းကျောက်တွေကလုံးဝရောင်းဖို့မတန်ဘူး။

ဒါပေမဲ့မရောင်းရင်လည်းလင်းနို့ဒဂ်ါးမရှိတော့လင်းနို့လေးကိုဘယ်လိုပျိုးထောင်ရမှာလဲ။

ရှန်စစ်နောက်ဆုံးမှာလင်ခုံးလု၏ဆင်းရဲမှုနှင့်ခါးသက်မှုကိုသဘောပေါက်သွားသည်။

သို့သော်စီးပွားရေးလုပ်ငန်းရှင်၏သားဖြစ်သူရှန်စစ်၏တွေးခေါ်ပုံမှာလင်းနို့ဒဂ်ါးရဖို့အကန့်အသတ်မရှိပေ။

အိုင်ဗန်ပြန်သွားချိန်သူတစ်ဖက်လူဆီမှာအာဟာရဖြည့်စွက်ရည်တစ်ပုလင်းအကြွေးဝယ်လိုက်ပြီးနောက်ထန်အန်းဆီကမ်းပေးကာပြောလိုက်သည်။
"ဘယ်ကုမ္ပဏီကိုထုတ်တာလဲဆိုတာသွားစုံစမ်းပြီးတော့ငါတို့ပူးပေါင်းလို့ရမလားကြည့်ကြည့်လိုက်။"

"ပြီးတော့ဒီအာဟာရဖြည့်စွက်ရည်ကိုEနိုင်ငံကရှန်ကုမ္ပဏီအခွဲရဲ့သုတေသနသင်တန်းဆီပို့....မဟုတ်ဘူး၊ သုံးပိုင်းခွဲလိုက်ပြီးတော့ တစ်ပိုင်းကိုEနိုင်ငံကကုမ္ပဏီခွဲဆီပို့၊ တစ်ပိုင်းကိုဒေါက်တာကိုလင်းဆီပေးပြီးတော့ နောက်တစ်ပိုင်းကိုပြည်တွင်းသုတေသနသင်တန်းကျောင်းဆီပို့လိုက်။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now