[၂၉၆] ဟွေ့ရှောက်ရယ်။

1.4K 313 11
                                    

Arc(12) ဟွေ့ရှောက်ရယ်(၂၂)။

"ဟေး၊ မင်းဘာတွေပြောနေတာလဲ။ ဗစ်တာနဲ့ဂျန်နီကသွေးဝေးဆွေမျိုးတွေဟ။" သူ့သားအပြောကိုကြားလိုက်ရပြီးနောက်အိမ်နီးချင်းမှာမနေနိုင်ဘဲသူ့သားပုခုံးကိုပုတ်ပြီးဆူလိုက်သည်။

ဒါကလင်ခုံးလုနှင့်ရှန်စစ်စိန့်အန်းလမ်းထဲပြောင်းလာတုန်းကသူတို့အပြင်လောကကိုပြောခဲ့သည့်ဆက်ဆံရေးဖြစ်သည်။ သူအဲ့တုန်းကနောက်ယောင်လိုက်ခံရမှာစိုးလို့ လင်ပါသားဟူသည့်သူ့သရုပ်မှန်ကိုသုံးလို့မရခဲ့။

မဟုတ်ရင်မိထွေးငယ်လေးနှင့်ဝှီးချဲနှင့်လင်ပါသားမှာအလွယ်လေးစုံစမ်းစစ်ဆေးခံရနိုင်သည်။ ဒါပေမဲ့ထိုအချိန်တုန်းကသူတို့ဟာမိထွေးနှင့်လင်ပါသားတကယ်မဟုတ်မှန်းရှန်စစ်မသိခဲ့တော့သွေးဝေးဆွေမျိုးဟုသာပြောခဲ့သည်။

ကလေးလေးပြောတာနားထောင်ပြီးနောက် ထန်အန်းမှာမျက်ဝန်းထောင့်မှတဆင့်ရှန်စစ်၏တုံ့ပြန်မှုကိုတစ်ချက်ကြည့်လိုက်မိသည်။ သူအရာအားလုံးကိုရုတ်ခြည်းနားလည်သွားကာသူတို့နှစ်ယောက်အတွက်အလျင်စလို​ဖြန်ဖြေပေးလိုက်သည်။
"မစ္စတာမိုက်ခ်၊ အမှန်တော့ဗစ်တာနဲ့ဂျန်နီကသွေးဝေးဆွေမျိုးတွေမဟုတ်ဘူးဗျ။ သူတို့က...."

ဆက်ဆံရေးအကြောင်းပြောရချိန်ထန်အန်းမှာဆွံ့အသွားရပြီး ရှန်စစ်ကသူ့နောက်မှပြောလာသည်။
"မိတ်ဆွေ။"

"အာဟုတ်တယ်၊ မိတ်ဆွေတွေလေ။" ထန်အန်းခပ်မြန်မြန်ယူပြောလိုက်ပြီးမှချောင်းအသာဟမ့်ကာ-
"ပြီးတော့ကျွန်တော်ကဂျန်နီကိုလိုက်ပိုးနေတာမဟုတ်ဘူးဗျ၊ အမှန်တော့....ဂျန်နီကကျွန်တော့်ကိုမစ္စတာဗစ်တာ့ကိုဂရုစိုက်ခိုင်းခဲ့တာလေ။"

အိမ်နီးချင်းမှာအံ့အားသင့်သွားကာအလွန်ပဟေဠိဖြစ်သွားရပေမဲ့ထိုစဥ်ရှန်စစ်ကိုမြင်သွားကာအလျင်စလိုပြောလိုက်မိသည်။
"ဟဟ၊ မင်းတို့လူငယ်တွေကတော့ပလေးတဲ့နေရာမှာတကယ်တော်တာပဲ၊ အမ်၊ မင်းတို့စကားဖြည်းဖြည်းပြောကြလေ၊ ငါအန်တွန်လေးကိုကျောင်းလိုက်ပို့လိုက်အုံးမယ်။"

ထိုသို့ပြောပြီးနောက်သူသူ့သားကိုခေါ်ကာခပ်မြန်မြန်လစ်သွားတော့သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now