Arc(12) ဟွေ့ရှောက်ရယ်(၁၅)။
ဒါကကိုလင်းရွှေဒဂ်ါးအကြောင်းပြောတာရှန်စစ်ကြားရသည့်ဒုတိယအကြိမ်ဖြစ်တာမို့ သူမနေနိုင်ဘဲမျက်မှောင်အသာကြုတ်လိုက်မိသည်။
သူ့အဖေဆုံးသွားသည့်ညတုန်းက သူအိပ်ပျော်နေစဥ်သူ့လက်ထဲမှာသွေးစွန်းနေသည့်ရွှေဒဂ်ါးပြားတစ်ပြားဖော်ပြမရေအောင်ပေါ်လာခဲ့ကြောင်းသူဘယ်သူ့ကိုမှမပြောပြဖြစ်ခဲ့ပေ။
အစကတော့ခြိမ်းခြောက်မှုတစ်ခုဟုထင်ခဲ့ပေမဲ့သူအခုရုတ်ခြည်းသံသယဝင်မိသွားရသည်၊ ရွှေဒဂ်ါးက....ကိုလင်းပြောတဲ့ရွှေဒဂ်ါးနဲ့တစ်ခုခုဆက်စပ်နေတာများလား။
ဒါပေမဲ့ဒီအချိန်မှာသူတို့ကဗီလာတံခါးဝကိုရောက်လာပြီပင်။ သူကိုလင်းကိုမေးဖို့အဆင်မပြေတာမို့သူ့သံသယများကိုအရင်ဆုံးဖိနှိပ်ထားရုံသာတတ်နိုင်သည်။
ဗီလာဝင်ပေါက်ဝတွင်အနက်ရောင်suitနှင့်လူအများအပြားကတံခါးတစ်ဖက်တစ်ချက်စီမှာရပ်ကာ ရောက်လာသူ၏သရုပ်မှန်ကိုစစ်ဆေးနေပုံရသည်။
ရှန်စစ်တောင့်ခဲသွားရသည်။
ကိုလင်းကဒါကိုမြင်တော့အသံတိုးကာဆိုလာသည်။
"စိတ်မပူနဲ့၊ သူတို့ကဖိတ်စာကိုစစ်ဆေးနေတာ၊ ဒီမှာလူသားတွေလည်းရှိတယ်။"သေချာတာပေါ့၊ သူတို့အလှည့်ရောက်လာချိန်ကိုလင်းကဖိတ်စာကိုထုတ်ပြလိုက်ပြီးနောက်သူတို့ကိုချက်ချင်းအထဲဝင်ခွင့်ပေးလာသည်။
ရှန်စစ်နှင့်ထန်အန်းမှာဘာမူမမှန်မှုမပြပေမဲ့ဟောခန်းထဲဝင်ပြီးနောက်ခုနကသူတို့ကိုနှစ်သိမ့်ပေးခဲ့သည့်ကိုလင်းကတော့သက်မချလိုက်လေသည်။
ရှန်စစ်သူ့ကိုထူးဆန်းစွာကြည့်လိုက်တော့ကိုလင်းကခပ်တိုးတိုးနှင့်အလျင်စလိုရှင်းပြလာသည်။
"ခုနကဟာတွေကလူသားမဟုတ်ဘူး။"ရှန်စစ်နှင့်ထန်အန်း: "....."
ကိုလင်း: "မင်းတို့အစွယ်တွေကိုသတိမထားမိခဲ့ဘူးလား။"
သူတို့နှစ်ယောက်လုံးပြိုင်တူခေါင်းခါပြလိုက်ကြသည်။
ကိုလင်း: "ဟင်း၊ ထားလိုက်တော့၊ ငါမင်းကိုအဖွဲ့အစည်းကတစ်ယောက်ယောက်ကိုရှာဖို့ခေါ်သွားပေးမယ်။"
![](https://img.wattpad.com/cover/360969291-288-k782291.jpg)
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
ActionArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့