[၃၁၁] ထိပ်တန်းကျောင်းသား။

603 167 12
                                    

Arc(13) ထိပ်တန်းကျောင်းသား(၄)။

ဆံဝါပြောပြီးသည်နှင့်ဂန်းစတားများကအသီးသီးလမ်းဖယ်ပေးလာသည်။

လင်ခုံးလုမျက်လုံးပင့်ကာစိတ်ဝင်တစားလှမ်းကြည့်လိုက်သည်။ မှိန်ပျသောအလင်းရောင်အောက်တွင် အနက်ရောင်လည်သာကုတ်ဝတ်ထားလျက်နံရံဖြူဖြူကိုကျောမှီထားသည့်လူငယ်တစ်ယောက်ကိုသူမြင်လိုက်ရသည်။ သူကသူ့လက်ချောင်းများကြားမှာစီးကရက်တစ်လိပ်ညှပ်ကိုင်ထားပြီးဆေးလိပ်မမှုတ်တော့ပြာမှုန့်ကဖြည်းဖြည်းချင်းပြုတ်ကျသွားသည်။

သုံးစက္ကန့်ကြာပို့စ်ပေးပြီးနောက်လူငယ်လေးကဖြည်းဖြည်းချင်းခေါင်းမော့ကာအေးစက်ပြီးမည်းမှောင်သာပင်ကိုယ်စရိုက်ကိုဖန်တီးလာသည်။ သူကလင်ခုံးလုကိုမျက်လုံးမှေးစင်းကြည့်ကာလှောင်ပြုံးပြုံးလိုက်သည်။
"မင်းကလင်ယို့လုလား။"

သူပြောရင်းသူ့လက်ချောင်းများကြားရှိမမှုတ်ထားသောဆေးလိပ်ကိုမြေကြီးပေါ်ပစ်ချကာခြေဖဝါးမြှောက်ပြီးနင်းချလိုက်ပြီးနောက်ခြေလှမ်းကျဲနှင့်လျှောက်လာသည်။

"မင်းကငါ့ကိုအမြဲဆန့်ကျင်နေခဲ့တဲ့တစ်ယောက်လား။" လူငယ်လေးကခက်ထန်သောအရှိန်အဝါနှင့်လင်ခုံးလုဆီလျှောက်လာပြီးမေးအသာပင့်ကာမေးလာသည်။

လင်ခုံးလုမျက်တောင်ခတ်လိုက်မိပြီး အနီးကပ်လာတော့ဒီကောင်လေးကအစိမ်းရင့်ရောင်ဆံပင်ကိုမသိမသာအပြာရောင်ရောဆိုးထားပြီးအကျီအထပ်အနည်းငယ်သာဝတ်ထားမှန်းသဘောပေါက်လိုက်သည်။ သူဟာချောမောပုံပေါက်ပေမဲ့သူ့မျက်နှာကတော့အအေးဓာတ်ကြောင့်နီရဲလို့နေသည်။

ကုတ်အကျီထူထူဝတ်ထားသည့်ဖခင်အိုကြီးမှာမနေနိုင်ဘဲပင့်သက်ရှိုက်လိုက်မိပြီး သူ၏အံ့အားသင့်မှုနှင့်မျှော်လင့်စောင့်စားမှုများမှာစိုးရိမ်ပူပင်မှုကြောင့်အကုန်လွင့်ပြယ်သွားသည်။

သူစိတ်အေးအေးထားကာတမင်မသိချင်ယောင်ဆောင်ပြီးမေးလိုက်သည်။
"မင်းက..."

"ကျွတ်၊ မင်းကိုဘယ်သူမှမပြောဘူးလား။" လူငယ်လေးကခေါင်းမော့ကာလက်မြှောက်ပြီးသူ့နှဖူးပေါ်ကျလာသည့်ဆံပင်စိမ်းလေးကိုသပ်ကာလေးနက်သောလေသံနှင့်ဆိုလာသည်။
"ကျန်းယွိ၊ ဝမ်းနည်းညှိုးငယ်မှုယွိ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now