[၂၆၄] )ရှစ်တိကနဂါးတစ်ကောင်ပဲ။

2.1K 412 3
                                    

Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၁၆)။

လင်ခုံးလုတစ်လှမ်းချင်းစီချဥ်းကပ်လာတာမြင်လိုက်ရတော့ ယန်းချီစစ်ဒါကအိပ်မက်လားလက်တွေ့လားဆိုတာမပြောတတ်တော့ပေ။

သူလက်မြှောက်ကာသူ့ရင်ဘတ်ကိုဖိလိုက်ပေမဲ့နာကျင်မှုမရှိမှန်းသိလိုက်ရတော့သူနိုးနေမှန်းသေချာသွားမှသက်မချလိုက်မိသည်။

ထိုစဥ်လင်ခုံးလုကကုတင်ဆီလျှောက်လာပြီးဖြစ်ကာစွပ်ပြုတ်တစ်ဇွန်းခပ်ပြီးသူ့ကိုခွံ့ကျွေးလာသည်။

ယန်းချီစစ်ခေါင်းငုံ့ကာသောက်လိုက်ပြီးတစ်ချိန်တည်း၌မေးလိုက်သည်။
"ဘာဆေးလဲ။"

သူမေးလိုက်ပေမဲ့သူ့စိတ်ထဲမှာခန့်မှန်းချက်တစ်ခုရှိနေပြီပင်။ သူအကြောင်းမဲ့သတိလစ်သွားတာမို့ ရှစ်ရှုန်းကမေ့ဆေးယူလာတာဖြစ်ရမည်။

သူဒါကိုမေးလိုက်တော့လင်ခုံးလုကပြုံးကာဆိုလာသည်။
"ဒါပေါ့အနာကျက်ဆေးလေ။"

ယန်းချီစစ်တောင့်ခဲသွားကာမျက်ဝန်းထဲတွင်သံသယနှင့်သူ့ကိုမျက်လုံးပင့်ကြည့်လိုက်မိသည်။

သို့သော်လည်းလင်ခုံးလုကတော့မသိပေ။ သူကစွပ်ပြုတ်နောက်တစ်ဇွန်းခပ်ကာသူ့နှုတ်ခမ်းနားကပ်ပေးပြီးဒီတိုင်းပြောချင်ယောင်ဆောင်လာသည်။
"ဒါနဲ့ရှစ်တိမင်းငါ့ကိုနဂါးဝိညာဥ်ဓားပြလို့ရလား။"

ယန်းချီစစ်၏တစ်ကိုယ်လုံးအေးစက်သွားရကာသူ့ရှေ့ကလူမှာပုံရိပ်နှစ်ထပ်ဖြစ်လာပုံပင်။ တစ်ဖက်လူကတစ်ခုခုထပ်ပြောနေပုံပေါ်ပေမဲ့ သူသေချာမကြားရတော့ပေ။ "လင်ခုံးလု"ကလက်ဝါးမြှောက်ကာသူ့ကိုထပ်ရိုက်ဟန်ပြင်လာမှသူလှုပ်ရှားလိုက်သည်။

"လင်ခုံးလု"ကရုတ်ခြည်းပျောက်ကွယ်သွားပြီး ဆေးပန်းကန်လုံးမှာပြုတ်ကျသွားပေမဲ့အသံမထွက်သကဲ့သို့ကြမ်းပြင်ပေါ်စွပ်ပြုတ်ရည်များလည်းမရှိပေ။

အတုပဲ၊ ထပ်ပြီးတော့အတုပဲ။

ယန်းချီစစ်နှဖူးကိုအုပ်ကိုက်ကာမသိမသာယိုင်သွားပြီးချွေးစေးများပြန်လာကာသူ့ခေါင်းတဝီဝီမြည်လာသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now