Arc(12) ဟွေ့ရှောက်ရယ်(၂၈)။
လင်ခုံးလုအလွန်ဆူညံသွားရကာခေါင်းကိုက်လာရသည်။ သူလင်းနို့နက်လေး၏အူသံကိုလျစ်လျူရှုကာအခန်းထဲကအခြားလူကိုလှည့်ကြည့်လိုက်သည်။
ထန်အန်းမှာတံခါးတွန်းဖွင့်လိုက်ရချိန်မှာသတိရှိရှိထရပ်လိုက်ပေမဲ့လင်ခုံးလုအထဲဝင်လာတာမြင်လိုက်ရတော့သူသတိလျှော့လိုက်မိကာရှက်သွားရသည်။
သူတိတ်တိတ်လေးလက်နောက်ပစ်ကာရှန်စစ်ကိုဖုန်းခေါ်ပြီးသတင်းပို့လိုက်ချင်ပေမဲ့နောက်တစ်စက္ကန့်မှာလင်ခုံးလုသူ့ရှေ့ကိုတယ်လီပို့သွားပြီးအလင်းအရှိန်နှင့်သူ့လက်ကောက်ဝတ်ကိုဖမ်းကိုင်ကာသူ့အနောက်မှာလိမ်လိုက်သည်။
ထန်အန်းမှာရုတ်ခြည်းအချုပ်ခံလိုက်ရတော့ဖုန်းကအောက်ပြုတ်ကျသွားသည်။
လင်ခုံးလုဖုန်းကြမ်းပြင်ပေါ်မကျခင်ဖမ်းကာမျက်နှာပြင်ကိုတစ်ချက်ကြည့်ပြီးမပွင့်တပွင့်အပြုံးနှင့်ပြောလိုက်သည်။
"မစ္စတာဒေးဗစ်၊ မင်းဘယ်သူ့ကိုခေါ်ချင်လို့လဲ။""လူကြီးမင်းရဲ့ချစ်သူကောင်လေးကိုပေါ့!" လင်းနို့နက်လေးမှာလှောင်ချိုင့်ထဲတွင်စိတ်လှုပ်တရှားပြောလာသည်။
"လူကြီးမင်းသူကအဲ့လူသားနဲ့တစ်ဖွဲ့တည်းပဲ။""ဆူညံမနေနဲ့။" လင်ခုံးလုတစ်ဖက်လှည့်ကာပြောလိုက်ပြီးမှထန်အန်းကိုကြည့်ကာဆက်ပြောလိုက်သည်။
"အခုငါ့ကိုမင်းသိတာအကုန်ပြောပြ။ ရှန်စစ်ဘာလုပ်နေတာလဲ။"ထန်အန်းမှာသူချုပ်တာခံထားရပြီးထိုစကားကိုကြားတော့ခါးသက်စွာပြောလိုက်မိသည်။
"စိတ်မရှိပါနဲ့မစ္စတာလု၊ ကျွန်တော်ကအလုပ်သမားမို့ကျွန်တော့်အလုပ်ရှင်ရဲ့ကိစ္စကိုထုတ်ပြောလို့မရပါဘူး။ မမေး...မရှက်ပါနဲ့။""သူ့ကိုနှိပ်စက်၊ လူကြီးမင်း။" လင်းနို့နက်လေးကအားရပါးရပြောလာသည်။
လင်ခုံးလု: "....."
သူသူ့ကိုလျစ်လျူရှုကာထန်အန်းကိုသာကြည့်ပြီးမျက်ခုံးပင့်ကာပြောလိုက်သည်။
"ဒါဆိုငါသူ့ကိုကိုယ်တိုင်ပေးရတော့မဲ့ပုံပဲ။ ဒါပေမဲ့အဲ့ဒါမတိုင်ခင်မင်းသူ့ကိုသတင်းမပို့တာကောင်းမယ်။"

YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
Hành độngArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့