Arc(13) ထိပ်တန်းကျောင်းသား(၂)။
ဆံဝါနှင့်အခြားသူများကသူ့ကိုပိတ်တားခဲ့သောကြောင့် လင်ခုံးလုကျောင်းဂိတ်ဝနားရောက်သွားချိန်မှာ ဂိတ်ပေါက်ဝကလုံခြုံရေးအစောင့်ကကျောင်းဂိတ်ပေါက်ဝကိုပိတ်ဖို့ပြင်နေပြီပင်။
သူလှစ်ခနဲတဟုန်ထိုးပြေးသွားကာ တံခါးပွင့်နေတုန်းကျောင်းထဲဝင်သွားလိုက်သည်။
မျက်နှာဝိုင်းဝိုင်းနှင့်လုံခြုံရေးအစောင့်မှာသူ့ရှေ့တွင်လေပြင်းတစ်ချက်ဝှေ့တိုက်သွားသည်ဟုခံစားလိုက်ရသည်။ အသိပြန်ဝင်လာပြီးနောက်သူအလျင်စလိုအော်ပြောလိုက်သည်။
"ကျောင်းသားကဒ်! ကျောင်းသားကဒ်ဘယ်မှာလဲ။"လင်ခုံးလုပြေးနေရင်းသူ့အကျီကော်လာမှကျောင်းသားကဒ်ကိုဆွဲထုတ်ပြကာ မရပ်ဘဲသူ့အနောက်ကိုကဒ်ဝှေ့ရမ်းပြလိုက်ပြီး နောက်ဆုံးမှာဘဲလ်မမြည်ခင်စာသင်ခန်းထဲကပ်သီးလေးရောက်သွားသည်။
ပထမတန်း၏ဆရာမကနှစ်မိနစ်စောကာစင်မြင့်ပေါ်မှာရပ်နေပြီးဖြစ်ကာ အဖြေလွှာစာရွက်များကိုလှန်ကြည့်လို့နေသည်။ သူမကတစ်ယောက်ယောက်ဘဲလ်တီးမှဝင်လာမှန်းသတိထားမိသွားတော့သိသိသာသာကိုမပျော်မရွှင်ဖြစ်သွားကာမျက်မှောင်အသာကြုတ်လိုက်သည်။
သူမကခေါင်းမော့ကြည့်လာပြီးလင်ခုံးလုကိုမြင်သွားတော့ငယ်ရွယ်သောဆရာမလေးကကြင်နာသောအပြုံးတစ်ပွင့်ဖော်ပြကာဆိုလာသည်။
"ဘာလို့အဲ့မှာရပ်နေတာလဲကွဲ့? အတန်းစတော့မယ်၊ မြန်မြန်လေးကိုယ့်ထိုင်ခုံမှာဝင်ထိုင်တော့လေ။"လင်ခုံးလုပင့်သက်ရှိုက်ကာနှုတ်ခမ်းစေ့ပြီးအသာပြုံးကာပြောလိုက်သည်။
"တောင်းပန်ပါတယ်တီချယ်ဟွမ်၊ ကျွန်တော်ဒီနေ့အိပ်ရာထနောက်ကျသွားလို့ပါဗျ။"ပြောပြီးနောက်သူသူ့ထိုင်ခုံကိုအလျင်စလိုလျှောက်သွားသည်။
တီချယ်ဟွမ်ကသူ့ကိုဆူပင်မဆူဘဲပြောလာသည်။ "နောက်တစ်ခါသတိထားပေါ့ကွယ်။"
ထို့နောက်သူမကအတန်းတစ်ခုလုံးကိုဝေ့ဝဲကြည့်လာပြီးနောက်ဆုံးမှာအဂ်လိပ်စာအတန်းခေါင်းဆောင်ဆီတန့်သွားသည်။ သူမကစာရွက်ကိုကောက်ကိုင်ကာဆိုလာသည်။
"အတန်းခေါင်းဆောင်၊ အဖြေလွှာစာရွက်တွေဝေပေးလိုက်ပါအုံး။"
![](https://img.wattpad.com/cover/360969291-288-k782291.jpg)
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
БоевикArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့