Arc(12) ဟွေ့ရှောက်ရယ်(၆)။
လင်ခုံးလုအိုင်ဗန်ကိုKမြို့တော်ကဘားတစ်ခုမှာရှာတွေ့ချိန် သူကလှပသောအမျိုးသမီးဗန်ပိုင်းယားတစ်ဦး၏လက်ကိုကိုင်ကာယစ်မူးနေပုံပင်။
"အလှလေး၊ မင်းကမြင့်မြတ်တဲ့ပုံပေါ်ပြီးတော့မင်းရဲ့အသားအရည်ကလည်းအရမ်းချောမွတ်နေတာပဲ၊ ဒါပေမဲ့မင်းမှာနည်းနည်းချို့ယွင်းချက်ရှိတော့ရှိနေတုန်းပဲ။ အဲ့ဒါကမင်းရဲ့မျက်နှာကနည်းနည်းဖြူစွတ်နေတယ်။ မင်းရဲ့အသားအရောင်ကိုတောက်ပအောင်လုပ်ပြီးတော့လူသားတစ်ယောက်နဲ့ပိုတူလာချင်ရင်ဒီဂျာမန်နံပါတ်၆သွေးတုကိုဝယ်ဖို့အကြံပြုတယ်ဗျာ။"
"ABသွေးအမျိုးအစားအတုနော်။ အရသာကချိုပြီးတော့အရောင်ကအနီရောင်ရှိတော့သွေးတုနီးပါးအရသာရှိတယ်။ ဒီနှစ်ဘရက်ကုမ္ပဏီရဲ့ရောင်းအားအကောင်းဆုံးထုတ်ကုန်ဖြစ်ပြီးတော့အမျိုးသမီးဗန်ပိုင်းယားတွေကြားမှာအရမ်းပေါ်ပြူလာဖြစ်တာဗျာ။ မင်းဒါကိုသောက်ပြီးရင်မင်းရဲ့အသားအရည်ကဖြူဖွေးပြီးတော့နှင်းဆီရောင်သန်းလာမယ်လို့အာမခံ..."
လင်ခုံးလုအရှေ့ကိုခြေလှမ်းကျဲဖြင့်လျှောက်သွားလိုက်ပြီးသူ့ကိုဖယ်ထုတ်ကာအမျိုးသမီးဗန်ပိုင်းယားကိုပြောလိုက်သည်။
"မိန်းကလေး၊ ဒါကနံပါတ်၆၉သွေးတုနဲ့နံပါတ်၆၇သွေးတုကကြည့်လိုက်ရင်တူတယ်၊ သူတို့ကထုတ်ကုန်လိုင်းတူတူပဲ။ အရသာကလည်းတူသဘောက်ပဲ၊ နံပါတ်၆၇ကအာဟာရပိုရှိသေးတယ်။ ဒါပေမဲ့နံပါတ်၆၉ကအင်တာနက်မှာနာမည်ကြီးတဲ့ထုတ်ကုန်ဆိုတော့စျေးနည်းနည်းပိုကြီးတယ်။ ကုန်ကျစရိတ်ကိုတွေးကြည့်ရင်နံပါတ်၆၇ကိုဝယ်ဖို့အကြံပေးတယ်။""ပြီးတော့မိန်းကလေးရဲ့အသားအရည်ကနှင်းဆီရောင်သန်းပြီးတော့အရမ်းလှတယ်။ ထူးခြားဆန်းကြယ်တဲ့အရှေ့တိုင်းကလာတဲ့လှပတဲ့ပုလဲပန်းကျောက်လေးကိုဝတ်လိုက်ရင်ပိုပြီးတော့တောင်လှသွားမှာရယ်။ စွမ်းအားကြီးဗန်ပိုင်းယားတစ်ကောင်ကပုလဲပန်းကျောက်ပေါ်မှာသွေးသန့်အစွမ်းနဲ့မန္တာန်ထွင်းထားတာဆိုတော့ ခနခန္ဓာကိုယ်အတွက်ကောင်းတယ်။ အင်း ၊ ပြီးတော့လည်းစွမ်းအားနည်းနည်းချင်းစီထုတ်သုံးလို့တောင်ရသေးတယ်။"

YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
ActionArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့