Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၂)။
လင်ခုံးလု၏ခွင့်ပြုချက်နှင့်အတူ အိမ်တော်ထိန်းကခပ်မြန်မြန်ထွက်သွားပြီး ရဲတိုက်ကအစိမ်းရောင်အပင်များကိုဖယ်ရှားပစ်ခဲ့သည်။ မုခ်ဝကဒီကနေ့ဧည့်သည်များကိုကြိုဆိုလို့နေသည်။
ဒီအုပ်စုထဲမှာကစားသမားရှစ်ယောက်ရှိပြီး အမျိုးသမီးသုံးယောက်နှင့်အမျိုးသားငါးယောက်ဖြစ်သည်။ အိမ်တော်ထိန်းပြောခဲ့သလိုမျိုးပင်၊ သူတို့ကကောင်းမွန်စွာဝတ်စားဆင်ယင်ထားကြသည်။ သူတို့အများစု၏မျက်နှာပေါ်မှာမျှော်လင့်စောင့်စားသောအပြုံးတစ်ပွင့်ရှိနေပြီး သူတို့ကကျွန်းကိုအလည်လာသည့်ခရီးသွားများနှင့်တကယ်တူလှသည်ပင်။
လင်ခုံးလုမှန်ပြတင်းပေါက်မှတဆင့်လှမ်းကြည့်လိုက်ပြီး ဒီလူများဟာအရင်ဘဝကပေါ်လာခဲ့သည့်ကစားသမားများဖြစ်ကြောင်းအတည်ပြုလိုက်ပြီးမှ ဖြည်းဖြည်းချင်းအကြည့်လွှဲလိုက်သည်။
အရင်ဘဝတုန်းကကဲ့သို့ပင်၊ သူရဲတိုက်ထဲကအိမ်တော်ထိန်းနှင့်အစေခံများကိုသာသူတို့ကိုဧည့်ခံခိုင်းလိုက်ပြီး သူကိုယ်တိုင်အောက်ထပ်ကိုမဆင်းသွားခဲ့ပေ။
ကစားသမားများကအိမ်တော်ထိန်းစီစဥ်ပေးသည့်အခန်းထဲမှာခရီးဆောင်အိမ်ကိုထားလိုက်ပြီး ထို့နောက်အစည်းအဝေးလုပ်ရန်ထူးခြားဆန်းကြယ်စွာအတူစုလိုက်ကြသည်။
ချန်ပေါ်ကကစားသမားဟောင်းတစ်ယောက်ဖြစ်သည်။ သူကထောင်ဒါဇင်ကျော်ရှင်းလင်းပစ်ခဲ့သည်။ သူကအတွေ့အကြုံရင့်သည်ဟုသူခံစားမိသည်။ တံခါးပိတ်ပြီးနောက်သူအရင်ဆုံးစကားပြောလိုက်သည်။
"ကျုပ်နာမည်ကချန်ပေါ်၊ Aအဆင့်ဝါရင့်ကစားသမားတစ်ယောက်ပဲ။ အခုကစပြီးမင်းတို့ငါ့ကိုပေါ်ကောလို့ခေါ်လို့ရတယ်။ မင်းတို့ဒီကျွန်းကိုလာတုန်းကစနစ်မင်းတို့ကိုအသိပေးခဲ့တာကို ကြားကြတယ်မလား။ ဒါကSအဆင့်ထောင်ဆိုတော့တော်တော်လေးခက်ခဲတယ်။ လူတိုင်းပူးပေါင်းပြီးတော့အချင်းချင်းတိုက်ခိုက်တာကိုရှောင်ရှားဖို့မျှော်လင့်မိတယ်။ ဒါနဲ့ဒီထောင်မှာလမ်းညွှန်သိပ်အများကြီးမရှိဘူး။ ငါသိတာကတော့နောက်ဆုံးဘော့စ်ကမိစ္ဆာနတ်ဘုရားဆိုတာပဲ။ ဒီထဲဝင်ရင်ကျည်ဆန်အကန့်အကတ်မရှိတဲ့သေနတ်တွေယူလာတာအကောင်းဆုံးပဲ။ လူတိုင်းအမှတ်နဲ့လဲလှယ်ပြီးကြပြီမလား။"
![](https://img.wattpad.com/cover/360969291-288-k782291.jpg)
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
AkcjaArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့