Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၁၇)။
စင်မြင့်ပေါ်ကဖြစ်ရပ်မှာယန်းချီစစ်၏အစီအစဥ်ဖြစ်ကြောင်းလင်ခုံးလုရုတ်ခြည်းနားလည်သွားသည်။ ယန်ဇယ်ဖန်ဓားကိုသုံးမရအောင်တစ်ဖက်လူဘယ်တုန်းကလုပ်လိုက်လဲသူမသိလိုက်ပေ။
သ်ု့သော်လည်းသူ့မှာယွမ်ရွှီကိုရှင်းပစ်ရန်ခွန်အားရှိနေသေးမှန်းမြင်လိုက်ရတော့ လင်ခုံးလုစိတ်သက်သာရာရသွားမိရာ အနက်ရောင်ငွေ့၏လွှမ်းမိုးမှုကအကန့်အသတ်ရှိလောက်သည်ဟုခံစားလိုက်ရသဖြင့် ရှိုးစကြည့်လိုက်တော့သည်။
စင်မြင့်ပေါ်တွင်ယွမ်ရွှီတစ်ယောက်ဓားအစစ်ထုတ်ပေးရန်တွန်းအားပေးခံလိုက်ရတော့ သူ့မျက်နှာအလွန်အမင်းရုပ်ဆိုးသွားရလေသည်။
ဒါပေမဲ့အဆုံးမှာတော့သူ့မှာမြင့်မားသောကျင့်ကြံစဥ်ရှိပြီး သူ့အရှိန်အဝါကိုသုံးကာလူတိုင်းကိုဖိနှိပ်လိုက်သည်။ တစ်ချိန်တည်း၌ သူယန်အကြီးအကဲကယန်ဇယ်ဖန်းကိုပြန်ပေးလိုက်သည့်နဂါးဝိညာဥ်ဓားကိုတစ်ချက်ကြည့်လိုက်ပြီး တစ်အောင့်ကြာတွေးလိုက်ပြီးမှပြောလိုက်သည်။
"ဒီဓားကနဂါးဘုရင်မသေခင်ကျုပ်ကိုပေးသွားတဲ့ဟာပဲ။ လူတိုင်းကနဂါးဝိညာဥ်ဓားအစစ်မဟုတ်ဘူးလို့ပြောနေမှတော့ ကျုပ်မသိမိုက်မဲသွားတာဖြစ်ရမယ်၊ ကျုပ်အမှားကိုကျုပ်ဝန်ခံပါတယ်။"အငယ်များကိုလှည့်စားလို့ရပေမဲ့လက်ရှိရှိနေတဲ့စွမ်းအားကြီးကျင့်ကြံသူတွေထဲမှာလူသားမဟုတ်တဲ့သူရှိလို့လား။ အထူးသဖြင့်ထိုသူများကယွမ်ရွှီနှင့်အတူသူတော်စင်မျိုးနွယ်စုကိုသတ်ဖြတ်ဖို့စီစဥ်ခဲ့ကြသဖြင့် သူတို့ကသူ၏ကိုယ်ကျင့်စရိုက်ကိုကောင်းကောင်းသိထားပြီးသားပင်။
နဂါးဘုရင်ပေးခဲ့တာဆိုရင် အရင်ကသူတို့အတူသတ်ခဲ့တုန်းနဂါးဝိညာဥ်ဓားကိုသူတို့ဘာလို့မမြင်မိတာလဲ။ အဖိုးကြီးယွမ်ရွှီဖွက်ထားခဲ့တာဖြစ်ရမယ်။ သေချာတာပေါ့၊ လင်းယွဲ့ဂိုဏ်းကချန်အကြီးအကဲမှာအရင်ဆုံးစပြောလာပြီး ထူးဆန်းသောလေသံနှင့်ဆိုလေသည်။
"ယွမ်ရွှီ၊ ဘာလို့အငယ်တွေပေါ်မှာလှည့်ကွက်သုံးနေရတာလဲကွာ? အရင်ကဖြစ်ခဲ့တာကိုငါတို့အကုန်လုံးသိပြီးသားလေ၊ မင်းနဂါးဝိညာဥ်ဓားကိုမြန်မြန်ထုတ်ပေးသင့်တယ်နော်?"
![](https://img.wattpad.com/cover/360969291-288-k782291.jpg)
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
AkcjaArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့