[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။

2.4K 429 10
                                    

Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၃)။

သူ့ရှစ်တိကို"အလွန်ချစ်"သည့်ရှစ်ရှုန်းကောင်းတစ်ယောက်အနေဖြင့် လင်ခုံးလုမှာယန်းချီစစ်ကိုစိုးရိမ်ပူပင်မှုနှင့်ချက်ချင်းပြောလိုက်မိသည်။
"ရှစ်တိ၊ ဒီမှာဒီတိုင်းရပ်နေပြီးတော့မလှုပ်နဲ့နော်။ ငါမင်းအတွက်ဆေးပင်ကူရှာပေးမယ်။"

ခေတ္တတန့်သွားပြီးမှသူပြောလိုက်သည်။
"ရှစ်တိ၊ မင်းဘာလို့စကားမပြောတာလဲ။ မင်းဘယ်လိုခံစားရလဲ။ ဘယ်လိုပူတာမျိုးလဲ။ ငါဆေးမှန်ရွေးရမှာမို့...."

0687: "....." Hostကသေတွင်းတူးနေသလိုခံစားလိုက်ရတယ်။

လင်ခုံးလုကတော့ထိုသို့မထင်။ သူ့လေသံမှာဂရုစိုက်ကာသူ့မျက်နှာထားမှာရိုးသားစစ်မှန်ပေမဲ့သူနှင့်ယန်းချီစစ်ကြားရှိအကွာအဝေးမှာအလိုလိုကျယ်သွားသည်။

အဆုံးမှာတော့"အရှေ့မှာရွာရှိပြီးအနောက်မှာစျေးဆိုင်"ရှိနေပေရာ သူ့ကိုတစ်ခုခုမဖြစ်စေချင်ပေ။

အခုဆိုသူ့အပေါ်ယန်းချီစစ်၏နှစ်သက်မှုနှုန်းမှာ၁၀ရာခိုင်နှုန်းသာရှိပြီး သူ့အပေါ်စိတ်ခံစားချက်ရှိမနေ။ တစ်ခုခုဖြစ်သွားရင်တောင် မကောင်းတဲ့စိတ်တန်ဖိုးဆုံးရှုံးသွားမှာမဟုတ်တာမို့ ဆိုးကျိုးနည်းနည်းရှိသည်။

0687: "တင်၊ နှစ်သက်မှုနှုန်း-၅၊ လက်ရှိနှစ်သက်မှုနှုန်း၅။"

လင်ခုံးလု: "......" ငါဂရုစိုက်တဲ့နည်းလမ်းမှားသွားတာဖြစ်ရမယ်။

"ရှစ်တိ...." သူထပ်ပြောလိုက်သည်။

ယန်းချီစစ်၏ခေါင်းမှာတဝီဝီမြည်နေသည်။ အစကအဲ့လောက်မပူပေမဲ့သူ၏ကြည်လင်ချိုသာသောအသံကသူ့နားထဲအဆက်မပြတ်ဝင်ရောက်နေတာကိုကြားလိုက်ရတော့ရုတ်တရက်အကြောင်းမဲ့ပူလာပြန်သည်။ နောက်ဆုံးမှာသူမနေနိုင်ဘဲအေးစက်စွာဖြတ်ပြောလိုက်မိသည်။
"တော်တော့။"

လင်ခုံးလု: "...." အေးပါ၊ အေးပါ။

သူချက်ချင်းစကားပြောရပ်လိုက်ပြီး "ငါကအရမ်းလိမ်မာတယ်"ဆိုသည့်အလားရပ်လိုက်သည်။

ယန်းချီစစ်ခေါင်းထဲက"တဝီဝီ"မြည်သံနောက်ဆုံးမှာပျောက်ကွယ်သွားပေမဲ့သူ့မျက်နှာပေါ်ကအပူမှာတော့လျော့ကျသွားခြင်းမရှိ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now