Arc(12) ဟွေ့ရှောက်ရယ်(၈)။
လင်ခုံးလု၏စကားများကိုကြားလိုက်ရပြီးနောက် အိုင်ဗန်မှာရုတ်ခြည်းသူ့အပေါ်ရိုသေလေးစားမှုနှင့်အထင်ကြီးမှုများဖြစ်ပေါ်လာရသည်။
နှစ်ထောင်ချီကြာချိပ်ပိတ်ခံထားရတဲ့ဗန်ပိုင်းယားကအရမ်းထူးခြားမှာပဲ။ စွမ်းအားကြီးပြီးတော့မကောင်းတဲ့ကိစ္စတွေအများကြီးကိုပြုလုပ်ပြီးမရေတွက်နိုင်တဲ့လူတွေကိုကြောက်အောင်လုပ်ခဲ့တဲ့နတ်ဆိုးဘော့စ်ဖြစ်ရမယ်။
အခုဆိုဘော့စ်ကအားပျော့နေတဲ့အခြေအနေမှာရှိနေတော့သူအခွင့်ကောင်းယူပြီးသူ့ပေါင်ကိုတင်းတင်းဖက်ထားရမည်။ အနာဂတ်မှာဘော့စ်ပိုပြီးတောက်ပြောင်လာတဲ့အခါကျရင်သူကနံပါတ်တစ်ငယ်သားဖြစ်လာလိမ့်မယ်။
အရှေ့တိုင်းမကောင်းဆိုးဝါးအဆိုနှင့်ဆိို ဒါကိုနဂါးနောက်လိုက်ခြင်း၏စွမ်းအားကိုခေါ်သည်။
အိုင်ဗန်မှာတွေးကြည့်လေလေပိုမိုစိတ်လှုပ်ရှားလာလေလေဖြစ်ကာအလျင်စလိုပြောလိုက်မိသည်။
"လူကြီးမင်းစိတ်မပူနဲ့နော်။ ကျွန်တော်ဖေးဖူdeliveryလူသားမဟုတ်တဲ့စီးပွားရေးကိုတာဝန်ယူထားတဲ့HRနဲ့သိတယ်။ ကျွန်တော်မိတ်ဆက်ပေးလိုက်တာနဲ့လူကြီးမင်းသေချာပေါက်လျှောက်လို့ရသွားလိမ့်မယ်။"သူထိုသို့ဆိုရင်း စိတ်အားထက်သန်စွာဖြင့်လမ်းပြလိုက်သည်။
လင်ခုံးလုသူ၏ရွှေအိုရောင်ဆံနွယ်ကိုတစ်ချက်ခါကာဒေါက်မြင့်ဖိနပ်ဖြင့် သိမ်မွေ့စွာလိုက်သွားလိုက်သည်။
*
သိပ်မဝေးသောနေရာမှာထန်အန်းကသတင်းတင်ပြဖို့ရှန်စစ်ဆီရောက်လာသည်။ တံခါးမခေါက်ရသေးခင်ဘေးအိမ်ကအိမ်နီးချင်းကအမှိုက်ပစ်ဖို့ထွက်လာတာကိုသူမြင်လိုက်ရသည်။
အိမ်နီးချင်းကသူခဏခဏလာနေတယ်ဟုတွေးမိသွားသည့်အလားသူ့ကိုအံ့သြတကြီးကြည့်နေတာကိုမြင်လိုက်ရတော့ ထန်အန်းမှာချောင်းအသာဟမ့်ပြီးခြောက်ကပ်ကပ်ရှင်းပြလိုက်မိသည်။
"ကျွန်တော်ကမစ္စဂျနီဖာကိုပိုးနေတာလေ..."အိမ်နီးချင်းကဒါကိုကြားတော့သူ့မျက်နှာထားမှာပို၍ပင်အံ့အားသင့်သွားလေသည်။ ထို့နောက်သူကသူ့အပေါ်အထင်ကြီးလေးစားမှုများဖြစ်ပေါ်သွားသည်။ သူကလက်ညိုးမြှောက်ကာလမ်းကြားကိုထိုးပြပြီးသနားသောလေသံနှင့်ပြောလာသည်။
"သနားစရာကောင်လေး၊ မင်းပိုကြိုးစားရင်မင်းမှာအခွင့်အရေးရှိလာလောက်ပါတယ်။"
![](https://img.wattpad.com/cover/360969291-288-k782291.jpg)
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
ActionArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့