Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၁၈)။
ယန်းချီစစ်နဂါးဝိညာဥ်ဓားကိုထုတ်ပြီးနောက် သူလင်ခုံးလုကိုတန်းပေးချင်ပေမဲ့သူ့နားထဲကအသံကသူ့ကိုခေတ္တတုံ့ဆိုင်းသွားစေသည်။
ထိုစဥ်ဓားမှစွမ်းအားကရုတ်တရက်တစ်ကိုယ်လုံးထဲစီးဝင်လာသည်။
သူမျက်မှောင်အသာကြုတ်လိုက်မိပြီး သူဟာဒီခံစားချက်နှင့်မစိမ်းသက်တော့ပေ။ အဆုံးမှာတော့သူနဂါးဝိညာဥ်ဓားကိုရခါစတုန်းကသူစွမ်းအားတစ်ခါရခဲ့ဖူးသည်ပင်။
ဒါပေမဲ့အခုတော့တကယ်မဖြစ်သင့်။ သူ့လက်ရှိစိတ်အခြေအနေနှင့်ရုပ်ပိုင်းဆိုင်ရအခြေအနေကြောင့် သူနဂါးဝိညာဥ်ဓား၏စွမ်းအားတစ်ဝက်ကိုသာလက်ခံနိုင်စွမ်းရှိသည်။ သူဘယ်လိုလုပ်ပြီးရုတ်တရက်ထပ်လက်ခံနိုင်မှာတုန်း?
သူဓားကိုလင်ခုံးလုဆီအလျင်စလိုကမ်းပေးကာမသိမသာဇဝေဇဝါဖြစ်သောအသက်ရှုနှုန်းနှင့်ပြောလိုက်မိသည်။
"ရှစ်ရှုန်းကြည့်နှင့်အုံး။ ကိုယ်တရားထိုင်ပြီးဝင်လေထွက်လေမှတ်လိုက်အုံးမယ်။"ထိုသို့ပြောပြီးနောက်သူတင်ပျဥ်ခွေထိုင်ချကာသူခုနကစုပ်ယူလိုက်သည့်စွမ်းအားကိုအသုံးချပြီးရောစပ်ဖို့ကြံလိုက်သည်။
သူစကားပြောပြီး မျက်စ်မှိတ်ကာဝင်လေထွက်လေမှတ်နေတာမြင်လိုက်ရတော့လင်ခုံးလုကြောင်အမ်းသွားရသည်။ ထို့နောက်သူတစ်ခုခုနားလည်သွားကာချက်ချင်းသူ့ကိုမနှောင့်ယှက်ဝံ့တော့ပေ။ သူအနောက်ဆုတ်ကာသူအခုပဲရလာသည့်နဂါးဝိညာဥ်ဓားကိုသေချာစူးစမ်းလိုက်သည်။
ဓားရိုးပေါ်မှာအနက်ရောင်အငွေ့ပေါ်လာခဲ့သည်ဟုစနစ်ပြောခဲ့တာကိုတွေးမိသွားတော့သူဓားကိုယ်ထည်ကိုမကြည့်ဘဲဓားရိုးကိုလေ့လာကြည့်လိုက်သည်။
ဒီလေ့လာမှုကသူ့ကိုတစ်ခုခုထူးဆန်းတာရှာတွေ့သွားစေသည်။ နဂါးဝိညာဥ်ဓား၏ဓားရိုးမှာသိသိသာသာကိုကျိုးပဲ့နေပြီး ပြန်ပြင်ထားသောသတ္ထုမှာနဂိုအသုံးပြုသည့်ရှေးကျောက်တုံးများလောက်မကောင်းပေ။
နဂါးဝိညာဥ်ဓားမှာပင်မသတ္ထုအဖြစ်ရှေးဟောင်းစိတ်ဝိညာဥ်ကျောက်တုံးများနှင့်သွင်းလုပ်ထားပြီး ၎င်းမှာရိုးရှင်းကာထူထဲပြီးစွမ်းအားကြီးပေါ်ပေါက်သွားစေသည်။ ထို့အပြင်ယခင်ခေတ်ကာလများ၏နဂါးဘုရင်များ၏နဂါးဝိညာဥ်များအကုန်လုံးကဓားဆီပြန်ရောက်သွားပြီး ဓားကိုယ်ထည်ကနဂါးပုံသဏ္ဍာန်စုတ်ချက်ပုံဖော်ထားသည်။ ဓားကိုယ်ထဲမှာမိစ္ဆာတစ်ကောင်ကောင်နေချင်ရင်အလွန်ခက်ခဲလိမ့်မည်ပင်။
![](https://img.wattpad.com/cover/360969291-288-k782291.jpg)
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
Hành độngArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့