Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၄)။
ရဲတိုက်ထဲကသခင်လေးမှာချောမောလှပလေသည်။ ဝှီးချဲပေါ်မှာထိုင်နေစဥ် ရှည်သွယ်ဖြူဖွေးသောလက်ချောင်းများကရဲရဲတောက်နှင်းဆီနီကိုကိုင်ထားပုံက အလွန်မျက်စိဖမ်းစားဖွယ်မြင်ကွင်းတစ်ခုဖြစ်ပေသည်။
သို့သော်သူ၏ဆိုးဝါးသောကျန်းမာရေးကြောင့် သူ၏စိတ်အခြေအနေမှာလည်းအနည်းငယ်မတည်မငြိမ်ဖြစ်လို့နေသည်။ သူ၏လှပသောမျက်ဝန်းများကအိမ်တော်ထိန်းကိုအလွန်မည်းမှောင်စွာကြည့်နေသဖြင့် စားသောက်ခန်းထဲရှိအစေခံများမှာစကားမပြောဝံ့ကြပေ။
ဒါကအိမ်တော်ထိန်းသခင်လေးကြောင့်စိုးရိမ်ကြောက်လန့်မိတာပထမဆုံးအကြိမ်ဖြစ်သည်။ သူနှဖူးပေါ်ချွေးကိုမြန်မြန်သုတ်ပြီး မရေမရာပြောလိုက်သည်။
"ရှောင်ရွှီ.....သူဥယျာဥ်ထဲမှာပေါင်းသင်နေတာဖြစ်မယ်။"ရဲတိုက်ထဲကအစေခံများမှာသခင်ထက်ပိုစောစောထရသည်။ ဒီအချိန်ဆိုသူတို့မနက်စာစားပြီးအလုပ်စလုပ်နေကြပြီပင်။
လင်ခုံးလုအဖြေရသွားတော့ ခပ်ဖွဖွနှာမှုတ်ကာ ဝှီးချဲကိုလှိမ့်ပြီးအပြင်ကိုသွားလိုက်သည်။
အိမ်တော်ထိန်းကသူ့ကိုကူတွန်းပေးရန်အပြေးလေးရှေ့တိုးလိုက်ပေမဲ့တားမြစ်ခံလိုက်ရသည်။
"မလိုဘူး၊ ငါ့ဘာသာငါလုပ်နိုင်တယ်။"
သခင်လေးကဒေါသသံဖြင့်ပြောလိုက်သည်။ သူအနောက်လှည့်လိုက်တော့ သူ၏လည်တိုင်ဖြူဖြူလေးမှာခပ်မှိန်မှိန်အနီမှတ်တစ်ခုရှိနေပြီး ၎င်းမှာသူ့အကျီကော်လ၏ခပ်မြန်မြန်ဖုံးအုပ်ခြင်းခံလိုက်ရသည်။သူတို့၏တောင်းပန်မှုကိုဖော်ပြရန်အချိန်မရလိုက်သည့်စားပွဲကကစားသမားများမှာဒီတိုးတက်မှုကိုမြင်တော့တစ်ယောက်ကိုတစ်ယောက်ကြည့်မိကြသည်။
ချန်ပေါ်မှာသခင်လေး၏လည်တိုင်ဘေးကခပ်မှိန်မှိန်အနီမှတ်ကိုထက်ရှစွာမြင်လိုက်ပြီး သူ့မျက်နှာပေါ်မှာထူးဆန်းသောအပြုံးတစ်ပွင့်ရုတ်တရက်ပေါ်လာသည်။
ဖြစ်ချင်တော့ကုန်းဝေနှင့်ကောယွီက၎င်းကိုမြင်သွားသည်။ ကုန်းဝေကခပ်မြန်မြန်အကြည့်လွှဲလိုက်ပေမဲ့ ကောယွိကတော့မရှင်းသောမျက်နှာထားဖြင့်နောက်တစ်ချက်ကြည့်လိုက်သည်။
![](https://img.wattpad.com/cover/360969291-288-k782291.jpg)
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
ActionArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့