Arc(13) ထိပ်တန်းကျောင်းသား(၅)။
ချူစစ်မှာလင်ခုံးလုတစ်ယောက်လမ်းကြားအပေါက်ဝမှာအဝိုင်းခံနေရမှန်းမြင်လိုက်ရချိန်မှာ သူအစကအဖက်မလုပ်ချင်ခဲ့ပေ။
တစ်ဖက်လူကသူ့လိုမျိုးမြို့ဟောင်းမှာနေနေပေမဲ့သူဟာတကယ်တမ်းချမ်းသာကြွယ်ဝသောမိသားစုကသခင်လေးတစ်ယောက်ဖြစ်ပြီး သူ့မိဘနှစ်ပါးဆိုကျန်းယွိ၏မိဘနှင့်စီးပွားရေးအဆက်အသွယ်တချို့ပင်ရှိနေမှန်းသူသိသည်။
တစ်ဖက်လူကသူ့မိဘဘယ်သူလဲဆိုတာပြောလိုက်သည်နှင့်ကျန်းယွိကအရှက်ရအောင်လုပ်မှာမဟုတ်လောက်။ သူတို့ကတူညီသောလူစားမျိုးပင်။
ထို့အပြင်ရန်ပွဲဖြစ်ပွားရာနေရာမှာလင်ခုံးလုအဖွားအိမ်နှင့်သိပ်မဝေးပေ။ သူခြေလှမ်းအနည်းငယ်ပြေးသွားလိုက်သည်နှင့်မိနစ်အနည်းငယ်အတွင်းမှာအိမ်ရောက်သွားနိုင်သည်။
ဒါမှမဟုတ်သူစကားလုံးနည်းနည်းအော်လိုက်ရင်အနီးနားကတစ်ယောက်ယောက်ကဆူညံသံကိုကြားပြီး ထွက်လာကာကူညီရင်ကူညီ၊ မဟုတ်ရင်ရဲခေါ်ပေးလိမ့်မည်။
အဆုံးမှာတော့ဒါကလူနေအိမ်ရာဖြစ်ပြီး စျေးဆိုင်များသာရှိသောလမ်းကြားမဟုတ်ပေ။ ဒီနေရာမှာနေထိုင်ကြသူများဟာအချင်းချင်းသိလာတာကြာပြီဖြစ်ကာတစ်ယောက်နှင့်တစ်ယောက်ရင်းနှီးကြသည်။
သူဒါကိုသိတော့လင်ခုံးလုလည်းသိလိမ့်မည်။
အရင်ဘဝမှာတစ်ဖက်လူကဒီလှည့်ကွက်ကိုအကြိမ်ပေါင်းများစွာသုံးခဲ့သည်။ သူဟာငါးမိနစ်အတွင်းအိမ်ရောက်နိုင်သောနေရာမှာအဝိုင်းခံရတိုင်း မအော်ဘဲထောင့်တစ်နေရာမှာသနားစရာကောင်းစွာရပ်လျက်သူပေါ်လာတာစောင့်ရင်းသူ့ကိုအပြစ်ရှိစိတ်ဖြစ်ကာစိတ်လှုပ်ရှားသွားအောင်လုပ်ခဲ့သည်...
ဒါပေမဲ့ဒီဘဝမှာတော့သူထပ်ပြီးအရူးလုပ်ခံမှာမဟုတ်ဘူး။
ချူစစ်မထူးခြားမခြားနားတွေးကာမြန်မြန်ထွက်လာခဲ့ပေမဲ့ဒီစိတ်ကတော့မနေနိုင်ဘဲတွေးမိသွားသည်-
ဒီတစ်ခေါက်အခြေအနေကမနက်တုန်းကနဲ့မတူဘူး။ ဒီတစ်ခေါက်ကျန်းယွီကိုယ်တိုင်ရောက်လာပြီးဘေးမှာသူရှိနေတဲ့အပြင်ညဘက်ဖြစ်နေပြန်တော့ဟွမ်မောက်ကတကယ်လုပ်ရဲလောက်တယ်။
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
ActionArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့