[၂၉၄] ဟွေ့ရှောက်ရယ်။

2K 359 9
                                    

Arc(12) ဟွေ့ရှောက်ရယ်(၂၀)။

ရှန်စစ်ကခရီးသည်ထိုင်ခုံမှာထိုင်နေပြီး ထန်အန်းမှာအရှေ့မှာထိုင်နေခြင်းပင်။

သူသူ့ရှေ့ကထိုင်ခုံအနောက်ပေါ်လင်းနို့ကိုတင်ပြီးနောက်ထန်အန်းမှာရုတ်တရက်သူ့လည်ပင်းအေးသွားလေသည်။ သူဂရုမစိုက်ရင်အကိုက်ခံလိုက်ရမှာစိုးသဖြင့် သူ့လည်ပင်းကိုတောင့်တောင့်ကြီးလုပ်ထားမိသည်။

အဆုံးမှာတော့ဗန်ပိုင်းယားတစ်ကောင်သွေးဆာလာသည်နှင့်အသိစိတ်ပျောက်ကာရင်းနှီးသောဆက်ဆံရေးကိုသတိရတော့မှာမဟုတ်ပေ။

ကံကောင်းချင်တော့အိုင်ဗန်ကသွေးလုံလုံလောက်လောက်သောက်ပြီးမှဒီကိုလာခဲ့ခြင်းဖြစ်ကာတစ်လမ်းလုံးပုံမှန်ပင်။

ကားမှာမြို့ဆင်ခြေဖုံးရှိစံအိမ်အပြင်ကိုခပ်မြန်မြန်မောင်းသွားပြီး ၎င်းမှာအရင်တစ်ခေါက်ကပွဲကျင်းပခဲ့သည့်ဗီလာနှင့်မတူလေတော့။

အိုင်ဗန််မိန်းမောသွားရသည်။
"အဖွဲ့အစည်းကလူတွေကတကယ်ချမ်းသာတာပဲ။"

သူတို့ဗန်ပိုင်းယားအများစုကနည်းနည်းလေးချမ်းသာလာဖို့နှစ်ရာချီစုဆောင်းခဲ့ရသည်။

"ဒါကရုံးမဟုတ်ဘူး၊ သူတို့အနားယူတဲ့နေရာပဲ။" ကိုလင်းအလိုလိုရှင်းပြလိုက်မိသည်။
"သူတို့ကအစိုးရနဲ့ပူးပေါင်းပြီးတော့ လူချမ်းသာတွေဆီကနေမကြာခဏအလုပ်လက်ခံတတ်တယ်၊ အထူးသဖြင့်အဲ့လူချမ်းသာတွေက..."

အင်း၊ သူတို့ကခပ်ဝဝသိုးတွေပဲ။ ဒါပေမဲ့ရှန်စစ်ကိုတစ်ချက်ကြည့်မိပြီးနောက်သူအချိန်မီစကားပြောရပ်လိုက်မိသည်။ ဘာလို့လဲဆိုတော့အခြေအနေအရဆိုရှန်မိသားစုကခပ်ဝဝသိုးဖြစ်နေလို့ပင်။

ကားမှာခပ်မြန်မြန်ရပ်သွားပြီး လူတစ်အုပ်ကတစ်ယောက်ပြီးတစ်ယောက်ဆင်းလာသည်။

အိုင်ဗန်တစ်ချက်ကြည့်မိတော့လင်ခုံးလုတစ်ယောက်တည်းနှင့်သာရင်းနှီးသည်ဟုခံစားလိုက်ရသဖြင့်သူလင်ခုံးလုပုခုံးပေါ်မှာခိုနားလိုက်သည်။

ရှန်စစ့်မျက်နှာရုတ်ခြည်းမည်းတူးသွားကာ ဘယ်နေရာကမှန်းမသိပလက်စတစ်အိတ်တစ်ခုထုတ်လာလျက်ဆိုလိုက်သည်။
"မစ္စတာအိုင်ဗန်မပျံနိုင်ဘူးဆိုရင်အိတ်ထဲမှာဝင်နေလို့ရတယ်နော်။ ကျွန်တော်အရင်တစ်ခေါက်ကဖြစ်ခဲ့တာကိုတောင်းပန်တဲ့အနေနဲ့ခင်ဗျားကိုသယ်သွားပေးမယ်။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now