Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၂၈)။
ရွှီယန််စွပ်ပြုတ်တစ်ဝက်ကိုတစ်ကျိုက်တည်းအကုန်သောက်ပစ်လိုက်သည်။ သူမော့ကြည့်လိုက်တော့လင်ခုံးလု၏မျက်လုံးများကနီရဲနေသေးတာမြင်လိုက်ရသဖြင့် သူသောက်ပြီးပြီဟုညွှန်ပြသည့်အလား ပန်းကန်အောက်ခြေကိုတိတ်တိတ်လေးပြလိုက်သည်။
လင်ခုံးလုအသံတိုးတိုးလေးပြောလိုက်သည်။ "ရပြီ။"
သူထင်ယောင်ထင်မှားဖြစ်တာလားမသိပေမဲ့ ရွှီယန့်ကသက်မချလိုက်ပုံပေါ်ကသိပ်မဝေးသောနေရာမှာရပ်နေသည့်အစေခံများကိုကြည့်လိုက်သည်။
အစေခံများမှာကြောက်ရွံ့မှုဖြင့်တုန်ရီလို့နေသည်။ သူတို့ထဲကတစ်ယောက်ကသတ္တိပိုရှိပြီးအလျင်စလိုရှေ့တိုးကာ စွပ်ပြုတ်ပန်းကန်လုံးကိုစိုးရိမ်တကြီးလှမ်းယူလိုက်သည်။
ရွှီယန့်ကသူမကိုကြည့်လိုက်တော့သူမအလွန်ကြောက်လန့်သွားကာလက်တုန်သွားပြီးပန်းကန်လုံးလွတ်ကျလုမတတ်ဖြစ်သွားကာသူ့မျက်နှာပို၍ပင်ဖြူဖျော့သွားချေသည်။
လင်ခုံးလုကရွှီယန့်ဘယ်လောက်အန္တရာယ်များမှန်းသိပြီးပြီမို့ ကြောက်ရွံမှုမရှိဘဲသူ့လက်မောင်းကိုလှမ်းဖက်ကာတီးတိုးပြောလိုက်သည်။
"မင်းဘာလို့သူတို့ကိုခြောက်နေတာလဲ။"ရွှီယန့်အေးခဲသွားပြီးမှနူးညံ့စွာဆိုလိုက်သည်။ "ကိုယ်မခြောက်ပါဘူး။"
သူ့တကယ့်ပုံစံအစစ်ကိုမြင်သည့်ဘယ်သူမဆိုကြောက်သွားပြီးသူ့ကိုမကောင်းဆိုးဝါးဟုထင်ကြသည်။ သခင်လေးသူ့လက်မောင်းနွယ်ပင်ဖြစ်သွားတာမြင်လိုက်ရတုန်းက သူလည်းကြောက်သွားတာမဟုတ်လား။ ဘယ်သူမှသူ့ကိုဒီလိုမျိုးလက်မခံနိုင်ဘူး။
သူထိုသို့တွေးလိုက်ပေမဲ့အလိုလိုခေါင်းလှည့်ကာလင်ခုံးလုကိုကြည့်လိုက်သည်။
ဖြစ်ချင်တော့လင်ခုံးလုကလည်းသူ့ကိုကြည့်နေသည်။
သူတို့မျက်လုံးချင်းဆုံသွားချိန်မှာ ရွှီယန့်မသိမသာတောင့်ခဲသွားရသည်။
သခင်လေးကသူ့ဘေးမှာပုံမှန်အတိုင်းတူညီသောမျက်နှာထားဖြင့်ကြောက်ရွံ့မှုမရှိဘဲရှိနေတုန်းပင်။ သူကသူ့လက်မောင်းကိုပင်ဆုပ်ကိုင်ထားကာပြောလာသည်။
"ရွှီယန့်၊ ငါနှင်းဆီကိတ်စားချင်သေးတယ်၊ မင်းငါ့အတွက်လုပ်ပေးလေနော်။"
![](https://img.wattpad.com/cover/360969291-288-k782291.jpg)
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
ActionArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့