Chapter 83
May 11, 2024
🧝Chapter 83ရှုဟွမ်းက ရန်သာ့လန်ကိုတွေ့သောအခါ တတ်နိုင်သမျှ အမြန်ဆုံးအခြေချနေထိုင်ရန် ဆိုင်သေးသေးလေးကို ရှာပေးခဲ့ပြီး ကုန်ပစ္စည်းများအားလုံးကို နေရာချထားခဲ့သည်။သေတ္တာအကြီးအငယ်များအတွက် အကူအညီတောင်းရန် ရှုမိသားစုထံ တိုက်ရိုက်ဆွဲမသွားခဲ့ပေ။
ရှုဟွမ်းပင်လျှင် ဤသတ္တိနှင့်ပြတ်သားမှုကို သက်ပြင်းချခဲ့ရသည်။ သို့သော်ရန်သာ့လန် အတွက်၊ ကာလတိုအငှားဆိုင်တစ်ဆိုင်၏ လစဉ်ငှားရမ်းခမှာ တေးနှစ်ဆယ်ကနေနှစ်ဆယ့်တေးအတွင်းရှိသည်။အကုန်လုံးက အကုန်ချည်းဖြစ်ပြီး ကုန်ကျစရိတ်များသော်လည်း ယခုအချိန်တွင် အမြန်ရရန်က ပိုအရေးကြီးသည်။
ရှုဟွမ်းလည်း ၎င်းကို သဘောတူသည်။ယူလာသည့် အသီးအနှံတွေကိုပဲ ကြည့်လိုက်။သေတ္တာကိုဖွင့်ပြီးနောက် သူတို့၏အရည်ရွှမ်းပြီး လတ်ဆတ်ကာ မွှေးကြိုင်နေသေးသော အရည်အသွေးကို တစ်ချက်ကြည့်လိုက်လျှင် သူ့အကူအညီက သူ့အတွက် အကျိုးရှိပေသည်။
"တိုက်ဆိုင်ဆိုင်ဆိုင် ရက်အနည်းငယ်အတွင်း ငါ မြို့တော်ကို သွားရမှာ...ဒါက ရန်ရှုန်းကို ကိုယ်တိုင်လိုက်လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော အကြိမ်ပါ... အဲဒီ့နောက်မှာ ရန်ရှုန်း ငါ့ရဲ့လာလည်ဖို့ဖိတ်ကြားချက်ကိုသုံးပြီး ငါ့အိမ်ကိုဆက်လာလို့ရတယ်... ဒါကြောင့် တံခါးပေါက်ကနေလှည့်ပြန်မသွားပါနဲ့"
ရန်သာ့လန်က သူ့လက်ကို အမြန်ဆန့်ပေးလိုက်သည်။
"ရှုသာ့ကော...ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်"
ရှုဟွမိးက လက်ကို ဝှေ့ယမ်းပြီးဆိုသည်။
"ဘာတွေပြောနေတာလဲ... မင်းရဲ့ အစားအသောက်ကလည်း ကောင်းတယ်...ငါတို့ မင်းရဲ့အစားအသောက်ကို မြောင်ကျားရွာမှာတုန်းက နေ့တိုင်းစားခဲ့တာ...အခု မင်းတို့မိသားစုကနေ အကျိုးအမြတ်ယူနေရပြီ"
သူတို့နှစ်ဦး စကားစမြည်ပြောကာ ရယ်မောနေကြသော်လည်း အနီးနားတွင် ပုံမှန်တံမြက်လှည်းနေသူ၏ခိုးနားထောင်ခြင်းခံရသည်ကို မသိခဲ့ကြပေ။
![](https://img.wattpad.com/cover/347028359-288-k998789.jpg)