Chapter 461

1 0 0
                                    


Chapter 461: အဆုံးသတ် (၁)

ဝူမိသားစုက ဝူစစ်စစ်ကို ဘာမှ မလုပ်နိုင်ချေ။ သူတို့အားလုံး သူ (မ) ကို ရိုက်နှက်ကာ ဆူပူ ကြိမ်းမောင်းထားကြသော်လည်း သူတို့အား အလုပ်ဖြုတ်လိုက်သည်ဟုသည့် အမှန်တရားက ပြောင်းလဲသွားခြင်း မရှိ။

သူတို့အားလုံး အသက်အရွယ်ကလည်း မငယ်ကြတော့ပေ။ ထို့အပြင် ကျောက်စိမ်းဝိညာဥ် ဝိုင်လုပ်နိုင်ရန် ကံကောင်းမှုကလည်း လိုအပ်နေသေးသည်။ မည်သို့ပင်ဆိုစေ ကုမ္ပဏီကို ယခုမှ စတင် အ‌ခြေချခြင်းဖြစ်သောကြောင့် ဘက်ပေါင်းတွင် လိုအပ်ချက်များ ရှိနေသေး၏။ စည်းမျဉ်းစည်းကမ်းများကိုလည်း မတင်းကြပ်ထားသေးပေ။ ကျောက်စိမ်းဝိညာဥ် ဝိုင်ကဲ့သို့ အခြားကုမ္ပဏီများကို ရှာ‌တွေ့နိုင်ရန် မဖြစ်နိုင်တော့ပေ။
သူတို့ အလုပ်ရှာတွေ့လျှင်ပင် ရာထူး အနေအထားနှင့် လစာက ကျောက်စိမ်းဝိညာဉ် ဝိုင်ကို ယှဉ်နိုင်မည် မဟုတ်။

ဝူစစ်စစ်တစ်ယောက် သူ (မ) ၏ ကိုယ်ပိုင်မိသားစုမှ သင်ပေးလိုက်သော သင်ခန်းစာကို ကောင်းကာင်းနားလည် သဘောပေါက်သွားသည်။ ဒေါသထွက်သည်ထက် သူ (မ) ပို၍ ဝမ်းနည်းနေမိသည်။ အနှုတ် သဘောဆောင်သည့် စိတ်ခံစားချက်များက သူ (မ) ၏ အတွင်းထဲတွင် တဖြေးဖြေး ကြီးထွားလာ၏။ စိတ်လိုက်မာန်ပါဖြင့် နင်းရှန် ခရိုင်သို့ သူ (မ) အပြေးပြန်သွားကာ ကျောင်းထွက်ဖို့နှင့် ပတ်သတ်ပြီး ရေးကြီးခွင်ကျယ် လုပ်တော့သည်။

သူ (မ) ၏ မိဘများနှင့် အစ်မဖြစ်သူက သူ (မ) ကို လုံးလုံ မချစ်ပေ။ သူ (မ) ၏ အဖွားသာလျှင် သူ (မ) အပေါ် ကောင်းပေးသည်။ ကြောင်သူတော်ယောင်ဆောင်နေသည့် ထိုမိသားစုဝင်များနှင့် သူ (မ) အတူမနေချင်တော့။

ဘောလုံးလေး တစ်ခုကြောင့် ဤကဲ့သို့ ကိစ္စအတော်များများ ဖြစ်ပျက်သွားမည်ဟု ကျင်းယွင်ကျောင်း မထင်ထားခဲ့။ သို့သော် ကြိုသိထားခဲ့လျှင်လည်း သူ (မ) ၏ သဘောထားကို မပြောင်းနိုင်ပေ။

ဝူစစ်စစ်ကို သူ (မ) ၏ မိဘများက မချစ်ကြခြင်းမှာ ပတ်ဝန်းကျင်ကြောင့်သာ ဖြစ်ပြီး သူ (မ) ကိုယ်တိုင်ကြောင့် မဟုတ်ပေ။ သူ (မ) ကိုယ်တိုင်ကြောင့်သာဖြစ်ပါလျှင် အချစ်ခံသင့်ကြောင်းကို အလုပ် ကြိုးကြိုးစားစား လုပ်ပြီး သက်သေပြမည် ဖြစ်သည်။ ဤကဲ့သို့ မိမိကိုယ်ကို ထိခိုက် နာကျင်စေကာ မိသားစု၏ အာရုံစိုက်မှုကို ရယူရန်အထိ တွေးမိလိမ့်မည် မဟုတ်ချေ။
ထို့အပြင် ကျင်းယွင်ကျောင်း ဝင်မပါလျှင်ပင် ဝူစစ်စစ်နှင့် သူ (မ) မိသားစု၏ဆက်ဆံရေးမှာ နဂိုအတိုင်းပင် ဖြစ်သည်။

ကလိုဗာ 1Where stories live. Discover now