ရှောင်ချင်းသည် သူမ၏ အထိအတွေ့ကြောင့် ချက်ချင်း ဒေါသပုန် ထသွားပြီး ပြောလိုက်၏။“ဘာလုပ်နေတာလဲ။ ငါ့ကို မထိနဲ့”
ကျင်းယွင်ကျောင်း ချက်ချင်း ပြုံးမိသွား၏။
မုံ့လင်း အံကြိတ်လိုက်သည်။ ကျင်းယွင်ကျောင်းနှင့် ဤဦးနှောက် မရှိသော မိန်းမသည် လုံးဝဆန့်ကျင်ဘက်ပင်။ ဤမျှလောက် တုံးအသောမိန်းမသည် အဘယ်သို့ သူ့အတွက် အလုပ်လုပ်ပေးရန် ထိုက်တန်မည်နည်း။ မည်သည့် အရူးမှ သူမအား အလုပ်ခန့်ခဲ့မှန်း တကယ်မသိချေ။လီရှောက်ယွင်သည် ကျီစယ်ဟန်ဖြင့် ကြည့်လိုက်သည်။
“ငါ့ မျိုးရိုးနာမည်က လီ”
“လီ၊ ဟုတ်လား”
၎င်းမှာ ရှားပါးသော မျိုးရိုးနာမည် ဖြစ်သည်။ မုံ့လင်းသည် သူ၏ အပြောအဆိုအား အနည်းငယ် သဘောမကျသော်လည်း အနည်းဆုံးတော့ သူသည် နားလည်ပါးရိုက် လုပ်နိုင်သည့် သူတော့ မဟုတ်ပေ။ သူသည် ခြေထောက်ကို မြှောက်ပြီး ထိုသူ၏ ဘေးရှိ ဆိုဖာပေါ် ထိုင်ချလိုက်သည်။
ထို့နောက် သူသည် စားပွဲပေါ်ရှိ အံစာတုံးအား ကြည့်လိုက်၏။“မစ္စတာ လီက ဘယ်ကများလဲ။ မြို့တော်ကလား”
“ဟုတ်တယ်”
လီရှောက်ယွင်သည် လွန်စွာပွင့်လင်းပေသည်။
မုံ့လင်း ဟက်ခနဲ အသံပြုလိုက်၏ : အဲ့တာကြောင့်ကိုး
ဤသူသာ နင်းမြို့တော်မှ လာသောသူဖြစ်လျှင် သူ့အား ကြောက်ဒူးတုန်ပြီး တောင်းပန်တိုးလျှိုးသော အခြေအနေထိ ရောက်နေရမည် မဟုတ်လော။ ရာရာစစ သူ သဘောကျနေသော အမျိုးသမီးအား နှောင့်ယှက်ရဲသည်။
သို့သော် မြို့တော်မှ လာလျှင်ပင် ဘာလုပ်ရမည်နည်း။ မုံ့မိသားစုတွင် အဆက်အသွယ်များစွာရှိလေသည်။ မြို့တော်မှ လာသောသူဖြစ်လျှင်ပင် သူစိတ်ရှိပါက ဤလူအား ကမ္ဘာပေါ်မှ လုံးဝပျောက်ကွယ်သွားအောင် လုပ်နိုင်သည်။“အလောင်းအစား တစ်ခု လုပ်ကြမလား”
မုံ့လင်းသည် ဒေါသကို မြိုချပြီး အတွေးများကိုရပ်လိုက်ကာ ကျင်းယွင်ကျောင်းနှင့် ရှောင်ချင်းအားလက်ညှိုးထိုးရင် ပြောလိုက်သည်။
![](https://img.wattpad.com/cover/385039184-288-k790562.jpg)