ရှောင်ချင်း၏ တုံ့ပြန်ပုံကြောင့် မုံ့လင်း ပို၍ပင် စိတ်မရှည်တော့ချေ။ ယခင်ကဆိုလျှင် ဤကဲ့သို့သောအမျိုးသမီးအား သူ စိတ်ဝင်စားကောင်း ဝင်စားလိမ့်မည်။ သို့သော် ယခုမူ ထိုသို့ မဟုတ်တော့ချေ။ သူသည် သိက္ခာရှိ သခင်လေး မုံ့ ဖြစ်နေလေပြီ။ ကျင်းယွင်ကျောင်းမှ သူ့အား ဂရုမစိုက်သည်မှာ ကိစ္စမရှိသော်လည်း တော်ဝင်မိသားစု၏ သခင်လေး တစ်ယောက်အား ဤကဲ့သို့ ဆက်ဆံနိုင်ပါသလော။
ရှောင်ချင်း ပစ်ပေါက်လိုက်သော ခေါင်းအုံးအားဖမ်းမိသည်နှင့် သူသည် ၎င်းကို မြေပြင်ပေါ် လွှင့်ပစ်လိုက်သည်။ နောက်စက္ကန့်ပိုင်း အတွင်းတွင် သူသည် မိမိကိုယ်ကို ထိန်းမနေတော့ဘဲ သူမဆီသို့ အလျင်အမြန် သွားကာ ကောင်းကောင်း ရိုက်တော့သည်။အမျိုးသမီးတစ်ဦး၏ အင်အားမှာ အမျိုးသား တစ်ယောက်ထက်များစွာ အားနည်းပေသည်။ ထို့အပြင် မုံ့လင်းသည် အမျက် ဒေါသကြီးနေသော အခြေအနေတွင် ရှိနေသေးသည်။ ထို့ကြောင့် ရှောင်ချင်းသည် သူ့ အောက်တွင် ခွေလဲကျသွားရန် အချိန် သိပ်မကြာလိုက်ပေ။ သူမ၏ လက်များသည် တင်းကြပ်စွာ အောက်သို့ ဖိချထားပြီး သူမ၏ မျက်နှာမှာလည်း ပါးရိုက်ချက်များကြောင့် အကျည်းတန်စွာ နီမြန်းနေ၏။ သောက်ထားသော အရက်ရှိန်ကြောင့် သူမသည် ပို၍ လေးလံမူးဝေသွားသည်။
သူမ ခန္ဓာကိုယ်တွင်ရှိနေသော မစို့မပို့ အဝတ်အစားများသည် ချက်ချင်းပင် ဆုတ်ဖြဲခံလိုက်ရသည်။ ဤအဝတ်အစားများ၏ ဒီဇိုင်းသည် အလွန်ထူးခြားပေသည်။ မုံ့လင်းသည် ပန်းချွေသည့် နေရာ၌လည်း ဆရာကြီး ဖြစ်သည်။ ထို့ကြောင့် အချိန်ပိုင်းအတွင်းတွင် သူမသည် လုံးဝ ဝတ်လစ်စားလစ် ဖြစ်သွားတော့သည်။
ရှောင်ချင်းသည် လေထဲရှိ အအေးဓာတ်အား ထိတွေ့လိုက်ရသောကြောင့် တုန်ယင်သွား၏။
သူ ဘာလို့ အခုထိ မရောက်သေးတာလဲ...
သူ အဘယ်ကြောင့် မရောက်သေးရသနည်း။ သူမတွင် အဝတ်အစားများ ကင်းမဲ့ကုန်လေပြီ။ သူအခုမလာလျှင် အရာ အားလုံး နောက်ကျသွားချေတော့မည်....
သူမသည် တံခါးကို စူးစိုက် ကြည့်နေသော်လည်း တံခါးမှာ တုပ်တုပ်မျှမလှုပ်ချေ။ ရုတ်တရတ်ဆိုသလို သူမ၏ ခန္ဓာကိုယ် အတွင်းမှ နာကျင်မှုများ တဟုန်ထိုး ထွက်လာလေသည်။ သူမ၏ တစ်ကိုယ်လုံးတုန်ယင်သွားပြီး ကြောက်စိတ်ဖြင့် မျက်လုံးများ ပြူးကျယ်သွား၏။
![](https://img.wattpad.com/cover/385039184-288-k790562.jpg)